လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီးတဝှိက်တွင် မွန်းလွဲပိုင်းက ဗုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်

လှိုင်သာယာရုံးရှေ့မှတ်တိုင်အနီးတဝှိက်တွင် မွန်းလွဲပိုင်းက ဗုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်

ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီးတဝှိက်မှာ ဒီနေ့ ဇွန်လ ၁၈ ရက်၊ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်က  သုံးကြိမ်ဆက်တိုက်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

“ဗုံးသုံးကြိမ်ပေါက်တာ ၂ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ်၊ ၂ နာရီ ၅ဝ မိနစ်မှာ တစ်ကြိမ်၊ ၃ နာရီမှာ တစ်ကြိမ်ပေါက်တာပါ” လို့ သူက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရုံးရှေ့မှတ်တိုင်နဲ့ ၁ဝ၃ မှတ်တိုင်တဝိုက်မှာ လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေ တပ်စွဲထားရာ မြို့နယ်ခန်းမကလည်း အဲ့ဒီအနီးအနားမှာရှိတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရပျက်စီးမှုရှိ၊ မရှိ အခြေအနေကိုတော့ မဇ္ဈိမအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ ၁၈ ရက် တစ်ရက်တည်းမှာပဲ ရန်ကုန်က အနည်းဆုံး နေရာလေးနေရာမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ မဇ္ဈိမအနေနဲ့ သတင်းရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required