ကယားတွင် စစ်ကောင်စီမှ  အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး

ကယားတွင် စစ်ကောင်စီမှ  အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး

ဇွန် ၁၈

ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများကို အကြောင်းမဲ့ ပစ်သတ်ခဲ့ရာမှာ ရှစ်ဦးခန့် သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု(PKPF)မှ ဒီကနေ့ ဇွန်လ ၁၈ရက်က အတည်ပြုထုတ်ပြန်ထားသည်။ 

ယမန်နေ့က သေဆုံးသူအလောင်း ၂၀ ၀န်းကျင်ရှိကြောင်း PKPF မှခန့်မှန်းထုတ်ပြန်ခဲ့ရာ ယနေ့နံနက်တွင်ရုပ်အလောင်း ရှစ်ဦးခန့် သတင်းအတိအကျဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ 

အဆိုပါ ရှစ်ဦးတွင် ဒီးမော့ဆိုအထက်တန်းကျောင်းဝန်း၌ နှစ်ဦး၊ ဒီးမော့ဆို ရပ်ကွက်တစ်နေရာ၌ သုံးဦး၊ ရှမ်း-ကယားနယ်စပ် မိုးဗြဲ သံရထားလမ်းနား၌ တစ်ဦးဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန်လ အစပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲအကြား စစ်ကောင်စီမှပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲယာယီရပ်ဆိုင်းလိုက်သည့် ဇွန်လ ၁၅ ရက်နေ့နောက်ပိုင်း မြို့အနှံ့တွင် ပုပ်ပွသေဆုံးနေသောအလောင်းများ ပြန့်ကျဲနေသည်ကို သိရှိခဲ့ကြခြင်း ဖြစ်သည်။

ရုပ်အလောင်းအချို့သည် ပုတ်ပွပြန့်ကျဲ‌နေ၍ လက်နောက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် သေနတ်ပစ်သတ်ခံထားရသည့် ဒေသခံအမျိုးသမီးများ၊ ကလေးငယ်များ ပါဝင်ကြောင်းသိရသည်။ 

ထို့အပြင် အခြားအကြောင်းမဲ့ပစ်သတ်ခံရသည့် ပြည်သူအလောင်းများ များစွာကျန်ရှိနေသေးသည့်အတွက် ထပ်မံအတည်ပြုနေကြောင်းသိရသည်။ 

ဓာတ်ပုံ - CJ (ပြီးခဲ့သည့်ရက်က ဒီးမော့ဆိုနှင့် (၆)မိုင်ရှိ အိမ်နားတွင်တွေ့ရသောရုပ်အလောင်းများ)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly