မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင် မြန်မာပြည်မပြန် 

မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင် မြန်မာပြည်မပြန် 

ဇွန် ၁၇

မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင်က အသင်းနှင့်အတူ  မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါလာခဲ့ခြင်းမရှိကြောင်းဘဲ ဂျပန်နိုင်ငံတွင် နေရစ်ခဲ့ကြောင်း ကနေဦးသတင်းတွေအရသိရပါတယ်။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ လက်ကျန်ပွဲစဉ်တွေယှဉ်ပြိုင်ခဲ့အပြီး ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်မည့် ခရီးစဉ်မှာ ဂိုးသမားပြည့်လျှံအောင်က အိုဆာကာ လေဆိပ်မှာပဲ ကျန်ရစ်နေခဲ့ကြောင်းကို ၎င်းရဲ့ရင်းနှီးသူအချို့ထံမှာသိရပါတယ်။

"ဟုတ်ပါတယ်။ဒီနေ့ အသင်းတည်ရှိရာ မြိုက အိုဆာကာလေဆိပ်မှာကျန်ခဲ့ပါတယ်။ အသင်းကတော့ ဒီနေ့ပဲပြန်သွားတာ " ဟု ရင်းနှီးသူအချို့က ဆိုပါတယ်။

လက်ရှိအချိန်တွင် ပြည့်လျှံအောင်အနေဖြင့် အိုဆာကာမြိုကတွင်နေထိုင်လျက်ရှိနေပြီး အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်မှာ သတင်းထုတ်ပြန်သွားဖို့ရှိနေကြောင်းသိရပါတယ်။ 

ဂျပန်နိုင်ငံ အိုဆာကာမြို့ မှာ မေလ ၂၈ ရက်နေ့က ဂျပန်လက်ရွေးစင်အမျိုးသားဘောလုံးအသင်း နှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အစတွင် ဂိုသမား ပြည့်လျှံအောင်ဟာ အကြမ်းဖက်စစ်အာဏာရှင်ကိုဆန့်ကျင် သည့်အနေဖြင့် လက်ပေါ်၌ we need justice ဟု ရေးသားကာ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly