စစ်ကောင်စီ တပ်သားက မှိုရှာဖို့သွားတဲ့  အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်

စစ်ကောင်စီ တပ်သားက မှိုရှာဖို့သွားတဲ့  အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်

ဇွန် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့တွင်း ဒေသခံ လီဆူတိုင်းရင်းသား အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်သားက အဓမ္မပြုကျင့်မှု ဇွန်လ ၁၄ ရက်က ဖြစ်ပွားခဲ့တယ်လို့ ကူညီရေးလုပ်ဆောင်ပေးနေတဲ့ဒေသခံအပြောအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် သားသည်မိခင်နဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးတို့  မန်တုံမြို့မြောက်ဘက် ရှစ်မိုင်ခန့်အကွာ တောထဲမှာမှိုသွားရှာနေချိန် အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်တယ်လို့ ကျူးလွန်ခဲ့ရသူအမျိုးသမီးတွေကိုအကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ 

"ကျမပြောချင်တာ ဒီလိုတွေ ဖြစ်နေတော့ အမျိုးသမီးအတွက် လုံခြုံမှု မရှိဘူး။ အခုလို ဖြစ်သွားတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လည်း အကူအညီ လိုအပ်နေပါတယ်" လို့ သူကဆိုပါတယ်။

စစ်သားတစ်ယောက်တည်းကပဲ ကျူးလွန်တယ်လို့ ကာယကံရှင်တွေက စွပ်စွဲထားပြီး ကျူးလွန်တဲ့ တပ်ရင်း တပ်ဖွဲ့ကို မသိရှိကြောင်းနဲ့ ၎င်းအမျိုးသမီးနှစ်ဦးကို လက်ရှိအချိန်မှာ လုံခြုံတဲ့ သီးသန့်နေရာတစ်ခုမှာ ထားရှိလိုက်တယ်လို့ ၎င်းက ဆိုပါတယ်။

မန်တုံမှာ အခြေစိုက်တပ် ခြေလျင်တပ်ရင်း (ခလရ) ၁၃၀ ရှိသည်။ သို့သော် တပ်မတွေလည်း တလှည့်စီ အချိန်းအပြောင်းလုပ်ပြီး လှုပ်ရှားကြတဲ့မြို့လည်းဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၉၉) ရဲ့ တပ်သားတစ်ဦးဟာ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်တယ်လို့ ဒေသခံတွေရဲ့ စွပ်စွဲချက် ဇွန်လ ၁၀ ရက်မှာထွက်ပေါ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ၎င်းတို့တပ်သား မကျူးလွန်ကြောင်း ဇွန်လ ၁၂ ရက် အစည်းအဝေးမှာ ငြင်းဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly