မြန်မာဘောလုံးအသင်း ၂၀၂၃ အာရှဖလား ခြေစစ်ပွဲပုံစံပြောင်းလဲမှုကြောင့် တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ဝင်ခွင့်ရ 

မြန်မာဘောလုံးအသင်း ၂၀၂၃ အာရှဖလား ခြေစစ်ပွဲပုံစံပြောင်းလဲမှုကြောင့် တတိယအဆင့်ခြေစစ်ပွဲ တိုက်ရိုက်ဝင်ခွင့်ရ 

ဇွန် ၁၆

တရုတ်နိုင်ငံမှာကျင်းပပြုလုပ်မည့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲပုံစံ ပြောင်းလဲမှုတွေကြောင့်  မြန်မာလက်ရွေးစင်အသင်းအနေဖြင့်  Play Off ယှဉ်ပြိုင်ကစားစရာမလို တတိယအဆင့် ခြေစစ်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိသွားကြောင်းသိရပါတယ်။ 

၂၀၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်တဲ့ အသင်းတွေအတွက်  ခြေစစ်ပွဲပုံစံပြောင်းလဲမှုကို အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ဇွန် ၁၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ကြေငြာခဲ့တာပါ။ 

ပြိုင်ပွဲပုံစံပြောင်းလဲမှုတွေကြောင့် မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(F)ရဲ့ နောက်ဆုံးနေရာမှာရှိခဲ့ပေမယ့်  Play-off အဆင့်တစ်ဆင့်ကစားဖို့မလိုတော့ဘဲ  တတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းဟာ၂၀၂၂ ကာတာကမ္ဘာဖလားခြေစစ်ပွဲနှင့်  ၂၀၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲ ကို အာရှဇုန်ခြေစစ်ပွဲတတိယအဆင့် အုပ်စု (F)မှာ  (၈)ပွဲကစားပြီးချိန်(၂)ပွဲနိုင်၊ (၆)ပွဲရှုံး ရမှတ် (၆)မှတ်နဲ့ အုပ်စုနောက်ဆုံးမှာသာ ရပ်တည်နိုင်တာဖြစ်ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရဲ့ သတင်းထုတ်ပြန်ချက်တွင်  ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲမှ အုပ်စုဒုတိယရ အဆင့်အနိမ့်ဆုံး(၃)သင်း၊ အုပ်စုတတိယနှင့် စတုတ္ထရ (၁၆) သင်း၊ အုပ်စုနောက်ဆုံးနေရာရ အကောင်းဆုံး(၃)သင်း စုစုပေါင်း (၂၂)သင်းကို တတိယအဆင့်ခြေစစ်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ 

၂၀၂၃ အာရှဖလားပြိုင်ပွဲကို တရုတ်နိုင်ငံ မှာ ဇွန်လ(၁၆)ရက် ကနေ ဇူလိုင်လ(၁၆)ရက်အထိ ကျင်းပမှာဖြစ်ပြီး  လက်ရှိ အာရှ ချန်ပီယံ ကာတာ၊ အိမ်ရှင်အသင်းတရုတ်၊ ၊  တောင်ကိုရီး ၊ ဆီးရီးယား၊သြစတြေးလျယား၊ ဂျပန် ၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်၊ ဗီယက်နမ်၊ လက်ဘနွန်အသင်းတွေက ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required