လှိုင်သာယာ အမှတ် (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ သေဆုံး

လှိုင်သာယာ အမှတ် (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ သေဆုံး
ဓာတ်ပုံ- CJ

ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အမှတ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ ပင်လုံဈေးကားမှတ်တိုင်အနီးမှာ ဒီကနေ့ (ဇွန်လ ၁၆ ရက်) မနက် ၉ နာရီခွဲလောက်က ဦးခေါင်းကို သေနတ်ပစ်ခတ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အခုသေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးလှဦးရဲ့ နေအိမ်ဖြစ်တဲ့ ယုဝတီပရိဘောဂဆိုင်မှာ မကြာသေးခင်က ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးလှဦး သေနတ်ပစ်ခတ်ခံရလို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေက လှိုင်သာယာမြို့အဝင်အထွက် နေရာအများအပြားမှာ တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required