အီရတ်မှာ အိုင်အက်စ်အဖွဲ့ရဲ့ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း စိစစ်ခွဲခြား 

အီရတ်မှာ အိုင်အက်စ်အဖွဲ့ရဲ့ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း စိစစ်ခွဲခြား 
Photo - AFP

ဇွန် ၁၄

အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ရဲ့ သတ်ဖြတ်ခံရပြီး လူအစုပြုံလိုက် မြုပ်နှံထားတဲ့ သင်္ချိုင်းနေရာကနေ ရုပ်အလောင်း ၁၂၃ လောင်းကို ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း စိစစ်ခွဲခြားဖို့အတွက် ရွှေ့ပြောင်းသယ်ယူခဲ့ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

ဘတ်ဒက်ရှ်အကျဉ်းထောင် လူအစုပြုံလိုက် သတ်ဖြတ်မှုဟာ ၂၀၁၄ ခုနှစ်မှာ လျှပ်တပြက်ထိုးစစ်တွေနဲ့အတူ အီရတ်နိုင်ငံ သုံးပုံတစ်ပုံကို သိမ်းပိုက်ပြီးနောက် အိုင်အက်စ်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အဆိုးဆုံး ရာဇဝတ်မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ 

အဲဒီ ၂၀၁၄ ဇွန်လအတွင်းမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဟာ အနောက်မြောက်ပိုင်းက အဲဒီ အကျဉ်းထောက်ကို တိုက်ခိုက်ခဲ့ပြီး ဆွန်နီမွတ်စလင် အကျဉ်းသားတွေကို လွှတ်ပေးကာ ရှီးယိုက်မွတ်စလင်အကျဉ်းသားတွေကို ထရပ်သားတွေနဲ့ လျှိုမြောင်တစ်ခုဆီ ခေါ်သွားပြီး ပစ်သတ်ခဲ့ကြတာပါ။ 

၂၀၁၇ မှာ ရှာဖွေတွေ့ရှိတဲ့ လူအစုပြုံလိုက် ပစ်သတ်ထားတဲ့ ရုပ်အလောင်းတွေက ဒီအင်န်အေနဲ့ တိုက်စစ်ဖို့အတွက် မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း အဲဒီ ပစ်သတ်ခံရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ သွေးနမူနာ ပေးပို့လာကြတာပဲ ဖြစ်ပါတယ်။ 

“သူတို့ ဆွေမျိုးသားချင်း ဘယ်လို ဖြစ်ရသဲဆိုတာ သိဖို့ စောင့်ဆိုင်းနေကြတဲ့ မိသားစု ထောင်ပေါင်းများစွာ ရှိနေပါတယ်”လို့ အဲဒီ အကျဉ်းထောင် တည်ရှိတဲ့ နန်နီဗက်ရှ်ပြည်နယ် အုပ်ချုပ်ရေးမှူး နက်ချ်အယ်လ်ဂျက်ဘူရီက အေအက်ဖ်ပီကို ပြောပါတယ်။ 

၂၀၁၇ မတ်လအတွင်းမှာ အီရတ်တပ်တွေက နယ်မြေဒေသကို လက်ရသိမ်းပိုက်ပြီး ပြန်လည်ထိန်းချုပ်နိုင်တဲ့နောက် အခု အကျဉ်းသားတွေကို ပစ်သတ်ထားခဲ့တဲ့ လူအစုပြုံလိုက် အကြီးစား သင်္ချိုင်းမြေပုံကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အစွန်းရောက် အိုင်အက်စ်တွေရဲ့ လူမဆန်တဲ့ ရမ်းကားမှုတွေနောက်မှာ အခုလို လူအစုလိုက် သင်္ချိုင်းမြေပုံတွေ ၂၀၀ ကျော်ထက်မနည်း ရှိခဲ့ကြောင်း ကုလသမဂ္ဂအရ သိရပါတယ်။ 

လူပေါင်း ၁၂၀၀၀ ကျော်လောက်ရဲ့ ရုပ်အလောင်းတွေ အဲဒီ သင်္ချိုင်းမြေပုံတွေမှာ မြုပ်နှံခဲ့တယ်လို့ ယူဆရကြောင်း ကုလသမဂ္ဂက ပြောပြီး အိုင်အက်စ်အဖွဲ့ဟာ အီရတ်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွဲဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly