စစ်သားနှင့် ရဲများရောက်လာပြီး အိမ်တံခါးများဖျက်ဆီးနေသဖြင့် ပတ်ဝန်းကျင်စိုးရိမ်မှု ဖြစ်ပေါ်

စစ်သားနှင့် ရဲများရောက်လာပြီး အိမ်တံခါးများဖျက်ဆီးနေသဖြင့် ပတ်ဝန်းကျင်စိုးရိမ်မှု ဖြစ်ပေါ်

ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် သမာဓိ ၃ လမ်းသို့ တနင်္လာနေ့ နံနက် ၁၁နာရီ ၄၀ခန့်တွင်  စစ်သားနှင့် ရဲခုနှစ်ယောက်ခန့်ရောက်လာပြီး အိမ်တံခါးများဖျက်ဆီးနေသဖြင့် ပတ်ဝန်းကျင်မှ စိုးရိမ်မှု ဖြစ်ပေါ် နေသည်ဟု သိရသည်။

အချိန်ဆယ်မိနစ်ခန့်အထိ အိမ်တစ်အိမ်ရှိ တံခါးများဖျက်ဆီး၍ အိမ်ထဲဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ ပြန်လည်ထွက်ခွာခဲ့သည်ဟု အနီးအနားပတ်ဝန်းကျင်မှ ပြောကြားချက်အရ သိရသည်။

အဆိုပါနေအိမ်တွင် နေထိုင်သူများမှာ ပြောင်းရွေ့လာသည်မှာ မကြာသေးသောကြောင့် မည်သူမည်ဝါဖြစ် ကြောင်း မသိရှိရကြောင့်နှင့် လက်ရှိတွင် လူနေထိုင်မှု မရှိသည်ကိုလည်း တွေ့ရသည်ဟု အနီးအနားနေထိုင် သူများက ဆိုသည်။

"အခြေအနေက ရုန်းရင်းဆန်ခတ်တော့မဖြစ်သွားဖူး။ လက်ထိပ်ခတ်လာတဲ့တယောက်က အဲ့အခန်းကို ပြတာ။ အဲ့အခန်းကို တံခါးတွေဖျက်တယ်။ ပြီးတော့ ဘာမှတွေ့ပုံမရဘူး။ ပြန်ထွက်သွားကြပြီ။အဲ့အိမ်က လူသစ်တွေ ဟိုတစ်နေ့ကမှ ပြောင်းလာတာ။ အခုတော့ အိမ်မှာ လူမရှိကြဘူး''ဟု အနီးအနားနေထိုင်သူတစ်ဦးက ပြောသည်။

စစ်သားနှင့်ရဲ ခုနှစ်ယောက်ခန့်နှင့် ရဲကားနှစ်စီးဖြင့် လာရောက်ရှာဖွေကြခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly