မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဖြိုခွင်းခံရ၊ ၅ ဦးထက် မနည်း အဖမ်းခံရ

မန္တလေး မဟာမိတ် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဖြိုခွင်းခံရ၊ ၅ ဦးထက် မနည်း အဖမ်းခံရ

ဇွန်၁၄

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး၊စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ချီတက်ဆန္ဒပြနေတဲ့ မန္တလေးမဟာမိတ် သပိတ်စစ်ကြောင်း ဇွန် ၁၄ရက်၊မနက်ပိုင်းက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ် ဖြိုခွင်းခြင်း ခံခဲ့ရပြီး ၅ ဦးထက်မနည်း အဖမ်းခံရတယ်လို့သိရပါတယ်။

အာဏာသိမ်းကောင်စီ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဟာ အရပ်ဝတ်တွေနဲ့ အင်အားသုံးဖြိုခွင်းခံရတာလို့သိရပါတယ်။

မန္တလေး မဟာမိတ်တပ်ပေါင်းစုဟာ စစ်အာဏာရှင်ပြုတ်ကျရေးကို ပုံစံအမျိုးမျိုးနဲ့ နေ့စဥ် ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

မဟာမိတ် သပိတ်တပ်ပေါင်းစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သပိတ်စစ်ကြောင်းအပါဝင်၊ မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်းနဲ့တမ္ပဝတီလူထုသပိတ်စစ်ကြောင်းတို့ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့ကြတာလည်း ဖစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required