လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြောင့် ၁ ဦးသေဆုံး

ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရ၍ သေဆုံးသူတစ်ဦးရှိခဲ့သည်။

ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ဖျားနာ၍ လက်ပံတန်းပြည်သူ့ဆေးရုံကြီးသို့လာရောက်ပြသရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်သူများဖြစ်သည့် မြိုမဈေးကြီးတွင်ဈေးရောင်းသူများကိုလည်း ထပ်မံစစ်ဆေးရာ ဗိုင်းရပ်စ်ကူးစက်မှုခံရကြောင်း တွေ့ရှိပြန်သည်။

"ပထမစတွေ့တဲ့သူက အမျိုးသားပါ ဆိုင်ကယ်ကယ်ရီမောင်းတယ်။ သူနဲ့စပ်ဆက်က ငါးခြောက်ရောင်းတဲ့သူ ဈေးကြီးအုပ်စုတွေပေါ့။ အခုမြို့မဈေးကြီးမှာက ငါးတန်းဘက်မှာ အယောက် ၄၀ လောက်ရှိမယ်၊ ကူးကုန်တယ်။ အခုထိဈေးကိုမပိတ်သေးဘူး ။ "ဟု ကျန်းမာရေးဌာနနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့နံနက်တွင် ရောဂါပိုးတွေ့ရှိသူ သုံးဦးအနက် မူလတန်းအရွယ်ကျောင်းတက်နေသည့် ကလေးငယ်၁ဦးပါကူးစက်ခဲ့တာကြောင့် ကျောင်းသားမိဘများမှ စိုးရိမ်နေသည်။ 

ရက်သတ္တပတ်တစ်ပတ်အတွင်း ကူးစက်ခံရသူပေါင်း ၇၄ ဦးရှိသွားပြီဖြစ်ကာ ဘီးလင်းတန်းရပ်ကွက်ပေါက်ကုန်းသီတာလမ်းတစ်ခုထဲမှပင် ၄၀ ဝန်းကျင်ရှိသည်။ 

"တကယ်ဆို လော့ဒေါင်းကလုပ်သင့်နေပြီ။ အခုက အိမ်လဲမလုပ်နိုင် လမ်းလဲမလုပ်နိုင်ဘူး လက်ပံတန်းအခြေနေကအတော်စိုးရိမ်စရာကောင်းနေပြီ"ဟု မြို့ခံတစ်ဦးကပြောသည်။

ကူးစက်သူများ များပြားလာခြင်းကြောင့် GTI ကျောင်းတွင် ရောဂါစက်ခံရသူတွေကို ကုသနိုင်ရန်စီစဉ်နေကြောင်းသိရပြီး ထိစပ်ခံရသူတွေထားရန် ကွာရန်တင်းစင်တာ မရှိသေးပါ။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဇွန်လ၁၁ရက်နေ့မှ၁၂ရက်နေ့ အတွင်း ပိုးတွေ့လူနာ ၁၆၆ဦးထပ်မံတွေ့ရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required