အလုံကမ်းနားလမ်း ကား Showroom ရှေ့ဗုံးပေါက်

အလုံကမ်းနားလမ်း ကား Showroom ရှေ့ဗုံးပေါက်

ဇွန် ၁၂

ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်း AYA Bank နဲ့ မျက်နှာချင်းဆိုင် ကား Showroom တစ်ခုရှေ့တွင် ဇွန်လ ၁၂ရက်နေ့ ညနေ ၃နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးပြီး Taxi နှစ်စင်း အနောက်ဖက်ကားမှန်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ လူတွေတော့မထိဘူး CNG တန်းစီနေတဲ့  Taxi နှစ်စင်းတော့ နောက်မှန်တွေ ကွဲသွားတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

အလုံမြို့နယ်မှာ ဇွန်လ ၁၁ရက်နေ့ကလဲ ကွင်းချောင်းလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့သေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly