ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ လိုက်စားမှုဖြင့် တရားစွဲသူကို " မိုးပေါ်မော့ တံတွေးဖြင့်ထွေးသူများသာဖြစ်ကြောင်း " ရှေ့နေ ဦးခင်မောင်ဇော်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ လိုက်စားမှုဖြင့် တရားစွဲသူကို " မိုးပေါ်မော့ တံတွေးဖြင့်ထွေးသူများသာဖြစ်ကြောင်း " ရှေ့နေ ဦးခင်မောင်ဇော်ပြောကြား

ဇွန် ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်အရေးယူခြင်းသည် စွပ်စွဲသူများအနေဖြင့် မိုးပေါ်မော့ တံတွေးဖြင့်ထွေးသူများသာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္ဈိမ ကို ပြောသည်
ဒေါ်အောင်ဆန်းစုကြည်တွင် အားနည်းနှင့်ချို့ယွင်းအချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်း တစ်ကိုယ်ရည် လောဘကြောင့် လာဘ်စားခြင်းမျိုး အကျင့်ပျက်ခြစားခြင်းမျိုး သည် သူမ၏ အမူအကျင့်လုံးဝ မဟုတ်ကြောင်း သုံးသပ်ဆိုသည်။

" ဟိုးအရင် စွဲချက်တွေစကြားကတည်းကကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကိုပြောပြီးဖြစ်သလိုခုလဲပဲအဲ့လိုပါပဲ။  ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကို လာဘ်စားမှု၊အကျင့်ပျက်ခြစားမှုတွေနဲ့တရားစွဲတာဟာ အတော်ရယ်စရာကောင်းတဲ့ကိစ္စပါ။အခြေအမြစ်လဲမရှိပါဘူး။နိုင်ငံရေးလေ့လာသူ၊တက်ကြွလှုပ်ရှားသူအဖြစ် ကျွန်တော့်ရဲ့ နှစ်ငါးဆယ်အတွေ့အကြုံသက်တမ်းမှာ သူ့ထက်ပို ရိုးသားပြီး၊လာဘ်စားမှု၊အဂတိလိုက်စာမှုကင်းတဲ့ နိုင်ငံရေးခေါင်းဆောင်မတွေ့ဖူးသေးပါဘူး"ဟု ဆိုသည်။

ယမန်နေ့ (ဇွန် ၁၀)ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်အမှုဖွင့်လှစ်ထားရှိကြောင်း ရေးသားဖော်ပြထားပြီး၊ သူမအနေအဖြင့် လက်ရှိတွင် စုစုပေါင်း ပုဒ်မခုနှစ်ခုဖြင့် တရားစွဲ ဆို ခံထားရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမှုတွဲများအဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်တီ ဥက္ကဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ သုံးဦးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အမှုဖွင့်အရေးယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required