ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအကြား ဇိမ်ခံပစ္စည်းတွေကို စပိဘုတ်နဲ့ မှောင်ခိုကူးနေတဲ့ဂိုဏ်းကို ဖမ်းမိ

ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအကြား ဇိမ်ခံပစ္စည်းတွေကို စပိဘုတ်နဲ့ မှောင်ခိုကူးနေတဲ့ဂိုဏ်းကို ဖမ်းမိ
Photo - AFP

ဇွန် ၁၁

တရုတ်ပြည်မကြီးထဲ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို စပိဘုတ်တွေနဲ့ မှောင်ခိုကူးပြီး သွင်းနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ဟောင်ကောင် အကောက်ခွန်တာ၀န်ရှိသူတွေက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာတော့ တန်ဖိုးကြီးနာရီတွေ၊ လက်ကိုင်အိတ်တွေ၊ ဖိနပ်တွေ၊ မျိုးသုဥ်းအန္တရာယ်ရှိနေတဲ့ တိရစ္ဆာန် အစိတ်အပိုင်းတွေ၊ ကော်စမတ်တစ်ပစ္စည်းတွေ၊ ၀ိုင်၊ ၀ီစကီနဲ့ ဆေးပြင်းလိပ်တွေ ပါ၀င်နေတယ်လို့ သိရပါတယ်။

ယခု ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဟောင်ကောင် ဒေါ်လာ သန်း ၁၂၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၄ သန်း) ဖြစ်ပြီး ဒီ ဖမ်းဆီးရမိမှုကတော့ ဟောင်ကောင်နဲ့ တရုတ်အကြား နယ်စပ်တစ်လျှောက် လှုပ်ရှားနေတဲ့ မှောင်ခိုကွန်ရက်တွေကို ထိုးဖောက်တွေ့မြင်လိုက်ရတဲ့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာတော့ ရောင်းခွန် ကောက်ခံခြင်းမရှိတဲ့အတွက် ယင်းဟာ ကမ္ဘာပေါ်မှာ ဇိမ်ခံပစ္စည်းတွေကို ၀ယ်ယူနိုင်တဲ့ စျေးအသက်သာဆုံး နေရာတွေအနက် တစ်ခု ဖြစ်စေလျက် ရှိပါတယ်။

ဒါပေမယ့် တရုတ်မှာတော့ ဒဏ်ခတ်တဲ့ အခွန်အကောက်တွေအရ တစ်ခါတစ်ရံမှာ ဇိမ်ခံပစ္စည်းတွေဟာ တန်ဖိုး နှစ်ဆအထိ ထိုးတက်သလို ဖြစ်စေတာကြောင့် မှောင်ခိုကူးသမားတွေအတွက် ဆွဲဆောင်မှုမက်လုံးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်းမှာ ဟောင်ကောင်ကနေ အသုံးအဆောင်ပစ္စည်း အမယ် အမြောက်အမြားကို တရားမ၀င် မှောင်ခိုကူးမှုတွေ ရှိထားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၀ ရက်က ဟောင်ကောင် အကောက်ခွန်နဲ့ ယစ်မျိုးခွန် ဌာနက ထုတ်ပြန်ခဲ့ရာမှာတော့ စပိဘုတ်တွေ သုံးပြီး နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးတဲ့ လှုပ်ရှားမှုတစ်ခုကို တာ၀န်ရှိသူတွေ စီးနင်းဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ အဆိုပါ မှောင်ခိုကူးဂိုဏ်းကို ဖမ်းဆီးရမိမှုဟာဆိုရင် ဟောင်ကောင်မြို့အတွက်တော့ ယနေ့အချိန်အထိ အကြီးမားဆုံး မှောင်ခိုဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိမှုဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly