မအူပင်မြို့ ၃လမ်းက မီးသတ်စခန်းမှာ စစ်သားနဲ့ မီးသတ်ဝန်ထမ်းစကားများရန်ဖြစ်ရာက မီးသတ်ဝန်ထမ်းကျည်ထိမှန် 

မအူပင်မြို့ ၃လမ်းက မီးသတ်စခန်းမှာ စစ်သားနဲ့ မီးသတ်ဝန်ထမ်းစကားများရန်ဖြစ်ရာက မီးသတ်ဝန်ထမ်းကျည်ထိမှန် 

ဇွန် ၁၁

မအူပင်မြို့မှာ ဇွန်လ ၁၀ရက်နေ့ ည ၈နာရီခန့်က ၃လမ်းမှာရှိတဲ့ မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ စစ်သားတစ်ဦးစကားများရန်ဖြစ်ရာက မီးသတ်တပ်ဖွဲ့ဝင် ကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။ 

"၃လမ်းက မီးသတ်စခန်းမှာရန်ဖြစ်ကြတာပါ မီးသတ်ကလူ ခြေထောက်ကိုထိသွားတယ် မစိုးရိမ်ရဘူးလို့တော့ပြောတယ်၊သတင်းပဲကြားလိုက်ရတာ သွားကြည့်ရင်လဲ ကျွန်တော်ပါအပစ်ခံရမှာစိုးလို့ သွားမကြည့်ရဲဘူး"လို့ မအူပင် ဒေသခံတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာတော့ သေနတ်ကျည်ထိမှန်ခဲ့တဲ့ မီးသတ်ဝန်ထမ်းကို မအူပင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပြီး မအူပင်အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ မတော်တဆ ကျည်ထွက်ပြီးထိမှန်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly