မြန်မာ့အရေး တုံ့ပြန်ရာတွင် အတူတကွပူးပေါင်းလုပ်ဆောင်ရန် ဂျပန်နှင့် အင်ဒိုနီးရှား သဘောတူ

မြန်မာ့အရေး တုံ့ပြန်ရာတွင် အတူတကွပူးပေါင်းလုပ်ဆောင်ရန် ဂျပန်နှင့် အင်ဒိုနီးရှား သဘောတူ

ဇွန် ၁၁

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင် အတူတကွ လုပ်ဆောင်သွားကြရေးအတွက် ဂျပန်နှင့် အင်ဒိုနီးရှားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျပန် နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတဲဂီသည် အင်ဒိုနီးရှားနိုင်ငံခြား‌ရေး၀န်ကြီး ရက်တ်နို မာဆူဒီနှင့် ဖုန်းဆက်ဆွေးနွေးခဲ့စဥ် မြန်မာ့အရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးစဥ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ ခေါင်းဆောင်များ ပြီးခဲ့သည့် ဧပြီလ အစည်းအဝေး၌ ကြေညာခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်ဆောင်ရေးအတွက် ဂျပန် နိုင်ငံခြားရေး၀န်ကြီးက တိုက်တွန်းသွားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပါအ၀င် မြန်မာ့အရေးနှင့်ပတ်သက်သည့် အာဆီယံ၏ အစီအစဥ်များကိုလည်း ဂျပန်နိုင်ငံဘက်မှ ဆက်လက်ထောက်ခံကြောင်း မိုတဲဂီက အတည်ပြုသွားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသူ အားလုံးကို အာဏာသိမ်းစစ်အုပ်စုဘက်မှ အမြန်ဆုံး ပြန်လွှတ်ပေးရန် အရေးကြီးကြောင်းကိုလည်း ဂျပန် နိုင်ငံခြားရေး၀န်ကြီးက ပြောသွားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly