ဧရာဝတီတိုင်းအတွင်း ဒီကနေ့ နောက်ဆုံးထားကာ လက်နက်တွေကို လာအပ်ဖို့ စစ်ကောင်စီက ကြေညာပေမဲ့ အပ်တဲ့သူ တစ်ယောက်မှမရှိ

ဧရာဝတီတိုင်းအတွင်း ဒီကနေ့ နောက်ဆုံးထားကာ လက်နက်တွေကို လာအပ်ဖို့ စစ်ကောင်စီက ကြေညာပေမဲ့ အပ်တဲ့သူ တစ်ယောက်မှမရှိ

ဇွန် ၁၀

ဧရာဝတီတိုင်းအတွင်းက မြို့နယ်အချို့မှာ စစ်ကောင်စီလက်နက်ကိုင်တွေက ဒီကနေ့ ဇွန်လ ၁၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်သေနတ်တွေ၊ လက်လုပ်ဗုံးတွေ လက်ဝယ်ရှိပါက လာရောက်အပ်နှံဖို့ အသံချဲ့စက်တွေနဲ့ လိုက်ကြေညာခဲ့ပေမဲ့ လာရောက်အပ်နှံသူတစ်ဦးမှ မရှိခဲ့ဘူးလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

“ည၈နာရီနောက်ဆုံး သတင်းအထိ ဘယ်သူမှ အပ်တယ်မရှိဘူး အဲ့ဒါနဲ့ပက်သက်ပြီး သတင်းတင်ပြထားတာ မရှိဘူး”လို့ တိုင်းဒေသကြီးရဲတပ်မှူးရုံးရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်လိုက်တွေက ပြည်သူတွေမှာ လက်လုပ်သေနတ်တွေနဲ့ လက်လုပ်ဗုံးတွေရှိပါက ဒီနေ့နောက်ဆုံးထားပြီး လာရောက်အပ်နှံရင် အရေးမယူဘူးလို့ အသံချဲ့စက်တွေနဲ့ မြို့နယ်အချို့မှာ လိုက်လံကြေညာခဲ့ပေမဲ့ ဘယ်သူမှ လာရောက်အပ်နှံခဲ့ခြင်း မရှိခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly