ဈေးကုန်းဆရာတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု လျှောက်ထား

ဈေးကုန်းဆရာတော်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲမသမာမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု လျှောက်ထား

ဇွန်လ ၁၀ ရက်

စစ်လေယာဉ်ငယ်ပျက်ကျရာတွင် ပျံလွန်တော်မူသွားခဲ့သူတစ်ဦးဖြစ်သည့် ဈေးကုန်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်ဖူးမြော်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သောကြောင့် အာဏာသိမ်းခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။

ဆရာတော်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစောဆုံး ဖူးမြှော်သောဆရာတော်လည်းဖြစ်သည်။

နေပြည်တော်မှ ယနေ့ နံနက် ၇ နာရီခန့်က ထွက်ခွာလာသော လေယာဉ်ငယ်တွင် ဈေးကုန်းဆရာတော်နှင့် စစ်ဘက်အရာရှိများ၊ အရပ်ဘက်လူပုဂ္ဂိုလ်များသည် ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တော်တင်အခမ်းအနားကျင်းပပြုလုပ်ရန် သွားရောက်ကြခြင်းဖြစ်သည်ဟု အာဏာပိုင်သတင်းရပ်ကွက်အရသိရသည်။ 

လိုက်ပါသွားခဲ့သောခရီးသည်အရေအတွက်နှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားမှုရှိနေသေးပြီး မဇ္ဈိမကသိရှိထားရသည်ကတော့ ၁၂ ဦးဖြစ်သည်။ 

လေယာဉ်သည် နံနက် ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ဆင်းသက်စဉ် ရာသီဥတုဆိုးရွားမှုကြောင့် လေဆိပ်အနီး ပြင်ဦးလွင်သံမဏိစက်ရုံ အနောက်ဘက် ပေ ၁၀၀၀ ခန့်တွင် ဆက်သွယ်မှုပြတ်တောက်ပျက်ကျခဲ့သည်ဟု အာဏာပိုင်များက လက်ခံထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required