စစ်လေယာဉ်ပျက်ကျမှု ၁၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

စစ်လေယာဉ်ပျက်ကျမှု ၁၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ဇွန်လ ၁၀ ရက်

ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သို့ဆင်းသက်စဉ် စစ်လေယာဉ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁၂ ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

မြဝတီရုပ်မြင်သံကြား၏ ထုတ်ပြန်ချက်အရ ယနေ့နံနက်ပျက်ကျသော လေယာဉ်ပေါ်တွင် ခရီးသည်ရှစ်ဦးနှင့် လေယာဉ်အမှုထမ်းခြောက်ဦးလိုက်ပါသွားခဲ့ရာ ဦးခေါင်းဒဏ်ရာရသွားသူနှစ်ဦးကို တပ်မတော်ဆေးရုံသို့ပို့ဆောင်ကုသမှုပေးနေသည်ဟု ပါရှိသည်။ ဒဏ်ရာရသူနှစ်ဦးမှာ မောင်ပိုင်ဘုန်းပြည့်နှင့် တပ်ကြပ်ကြီးကောင်းစံဝင်းတို့ဖြစ်သည်ဟု ဆိုသည်။ 

 သို့သော် သေဆုံးသူစာရင်းကို အသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိပါ။ မဇ္ဈိမက လက်ခံရရှိသော ခရီးသည်နှင့်လေယာဉ်အမှုထမ်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဗိုလ်မှူး မိုးထက်ကျော် DSA 42
၂။ ဗိုလ်ကြီး မြင့်စိုး DSA 56
၃။ ဗိုလ်မှူး ဇော်ထူး  DSA 47
၄။ ဗိုလ်ကြီး စိုးဟိန်းထက် DSTA 17
၅။ တပ်ကြပ် လမင်းဝင်းသိန်း
၆။ တပ်ကြပ်ကြီး ကောင်းစံဝင်း
၇။ ဆရာတော် ဦးတေဇောဘာသ
၈။ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ
၉။ ကုန်းဘောင် ပထမံနဝင်း ဦးအောင်
၁၀။ ဒေါ်ဌေးဌေးခိုင်
၁၁။ ဒေါ်လဲ့လဲ့ဝင်း
၁၂။ ဦးမြဖူး
၁၃။ မောင်ခန့်ဝင်းကို
၁၄။ မောင်ပိုင်ဘုန်းပြည့်
တို့ ဖြစ်ကြသည်။
ပျက်ကျသည့်လေယာဉ်အမျိုးအစားမှာ အမေရိကန်လုပ် Beechcraft 1900D  သယ်ပို့လေယာဉ်အမျိုးအစားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly