ဖားကန့်မြို့ မရှီကထောင် ညသပိတ်ကို အကြမ်းစစ်ကောင်စီလက်နှက်ကိုင်တွေကအကြမ်းဖက်ဖြိုခွင်း

ဖားကန့်မြို့ မရှီကထောင် ညသပိတ်ကို အကြမ်းစစ်ကောင်စီလက်နှက်ကိုင်တွေကအကြမ်းဖက်ဖြိုခွင်း
ဓာတ်ပုံ-ပုံဟောင်း

ဇွန် ၈

ဖားကန့်မြို့နယ်မှာ ဇွန်လ ၈ ရက်နေ့ ညပိုင်းကပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မရှီကထောင် ရပ်ကွက် ညသပိတ်ကို အကြမ်းဖက်စစ်ကောင်စီလက်နှက်ကိုင်တပ်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ည ၈ နာရီကျော်လောက်မှာ ညသပိတ်စတင်ခဲ့ပြီး ည ၈ နာရီခွဲအချိန်မှာ ဖြိုခွင်းခံခဲ့ရတာပါ။အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တွေက ဆန္ဒပြပြည်သူတွေ ရှောင်တိမ်းသွားခဲ့ကြလို့ ညသပိတ်နဲ့အနီးအနားမှာရှိတဲ့ နေအိမ်တွေကို တံခါးရိုက်ဖွင့်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေ လိုက်လံဖြိုခွဲခဲ့လို့ မရှီကထောင် ရပ်ကွက်ကဆန္ဒပြသူတွေလူစုခွဲခဲ့ပြီးနောက်ပိုင်းအခြေအနေနဲ့ ဖမ်းဆီးခံရသူ ရှိ၊မရှိကိုတော့မသိရသေးဘူးလို့နီးစပ်သူတွေကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly