ဘိုကလေးမြို့ အထက(၃) ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးတွေ့

ဘိုကလေးမြို့ အထက(၃) ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးတွေ့

ဇွန် ၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကို ဇွန်လ ၈ရက်နေ့ မနက် ၆နာရီခန့်က တွေ့ရှိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောင်းဝင်းအတွင်း ပလပ်စတစ်အိတ်အနက်ရောင်နဲ့ ထုတ်ထားတဲ့ မသင်္ကာစရာ အိတ်တစ်လုံးကို ကျောင်းစောင့်ဖြစ်သူက စတင်တွေ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်များက လာရောက်စစ်ဆေးရာမှာတော့ လက်လုပ်ဗုံးဆိုတာကို သိရပြီး ဖျက်ဆီးသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ စာသင်ကျောင်း၊ ဆေးရုံ၊စျေး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေမှာ ဘယ်အကြမ်းဖက်မှုတွေမှ မလုပ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘိုကလေးမြို့ဟာ ပျူစောထီးအဖွဲ့ဝင်တွေကို စာသင်ကျောင်းတွေနဲ့ ဘောလုံးကွင်းအတွင်းမှာ သင်တန်းပေးနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly