MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ စစ်ကောင်စီဘက်က ၉ ဦးသေ 

MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ စစ်ကောင်စီဘက်က ၉ ဦးသေ 
ဓာတ်ပုံ- Kokang Wc

ဇွန် ၇

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ နှစ်ရက်တာတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်ဘက်က ကိုးဦးသေဆုံးခဲ့ကြောင်း  ကိုးကန့်ဘက်က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိမြို့တွင် ဇွန်လ ၅ ရက်နှင့် ၆ ရက်များက ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က မသယ်ဆောင်သွားဘဲ စွန့်ပစ်ထားခဲ့သောရုပ်အလောင်းများကိုလည်း ဓာတ်ပုံနှင့်တကွဖော်ပြထားသည်။

တပ်မ (၉၉) နှင့် ဖြစ်ပွားသော တိုက်ပွဲများ၏ နေရာများကို အတိအကျမဖော်ဘဲ ကျည် ၅၃ တောင့်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ရိုင်ဖယ် တစ်လက်ကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly