နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၆ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၆ ဇွန် ၂၀၂၁)
ပုံစာ - ဇွန်လ ၆ ရက်နေ့ ညနေပိုင်းက စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် ပြုလုပ်သည့် "အပီဝုန်းမယ့် မြေနီကုန်း" သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်

ရန်ကုန်တိုင်းဒေသကြီး

  • စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရွှေပြည်သာမြို့ (၁၀ရပ်ကွက် ရတနာသီရိလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားကာ စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

  • ရွှေပြည်သာမြို့ ဝန်ထန်းပေါင်းစုံသပိတ်ကလည်း "တောင်တန်းပြည်မ ညီညွတ်သည်ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။

  • မြောက်ဒဂုံမြို့နယ်နေ လူငယ်များကလည်း "အတိုးနဲ့အရင်းပေါင်း မ/ဒဂုံသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

  • မြောက်ဒဂုံမြို့နယ်တွင် စစ်အုပ်စု ရာအိမ်မှူးမလုပ်လိုတော့သည့်အတွက် ထွက်စာတင်သူအား ပုဒ်မတပ် အရေးယူမည်ဟု ဆိုကာ ဖိအားပေးဆက်လုပ်ခိုင်းမှုများ ရှိနေသည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

  • ရန်ကုန်မြို့တွင် ခွင့်ပြုထားသည့်နေရာများမှ ဆိုင်ကယ်စီးနင်းခွင့်မရှိကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီးနောက် မြို့နယ် အနှံ့အပြား၌ ဆိုင်ကယ်ဖမ်းစီးမှုများအား ပိုတိုးလုပ်ဆောင်လာနေသည်။ အထူးသဖြင့် ပေါက်ကွဲမှုများ ဆက်တိုက်ရှိနေကာ စစ်အုပ်ရေးကြေညာထားသည့် လှိုင်သာယာမြို့နယ်တွင် တားဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။

  • သာကေတမြို့နယ်၊ သုမနလမ်းမကြီးပေါ်ရှိ ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်တွင် နေ့လယ် ၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အဆိုပါအိမ်တွင် စစ်အုပ်စုထောက်ခံ ကြံ့ခိုင်ရေးပါတီအမတ်လောင်းတစ်ဦး နေထိုင်သည်ဟု သိရပြီး ယခင်ကလည်း ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားထားသည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိ၊ မရှိကိုမူ မသိရသေးပေ။

  • ရန်ကုန်မြို့ပေါ် လူစည်ကားရာနေရာများတွင် လူငယ်များက "ဖက်ဒရယ်ရောင်နီစာစောင်များ လိုက်လံဖြန့်ဝေခဲ့သည်။

  • စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင်လည်း "အပီဝုန်းမယ့် မြေနီကုန်းသပိတ်စစ်ကြောင်းကလည်း ညနေ ၅ နာရီခန့်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

  • မန်း အောင်ပင်လယ်ရပ်ကွက်၊ ၅၄ နှင့် ၁၀၅ လမ်းထောင့်နားရှိ ရပ်ကွက်ရုံးတွင် လုံခြုံရေးယူထားသည့် စစ်အုပ်စုလက်နက်ကိုင်များအား ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်က ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ၎င်းတို့ဘက်က ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒဏ်ရာရသူ မရှိခဲ့ပေ။

  • မိတ္ထီလာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် လက်နက်ကိုင်စစ်အုပ်စုအချင်းချင်းကြား ပစ်ခတ်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်က ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားသည်။

  • မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြတော်လှန်ခဲ့သည်။

  • မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအ တွက် ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ မန္တလာတက္ကသိုလ်ကျောင်းသား/သူ၊ အောင်ပင်လယ်ပင်မ၊ ဘုရားကြီး၊ တမ္ပဝတီ၊ စိန်ပန်း၊ အ..က (၂၇ကျောင်းသား/သူဟောင်းသပိတ်စစ်ကြောင်းများ ပါဝင် သည်။

  • မန်း သမဝါယမကောလိပ် ကျောင်းသား/သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လူအင်အား ၁၀၀ ခန့်ဖြင့် မြို့တွင်းလှည့်လည်၍ စစ် အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

  • မန်းစက်မှုသပိတ်စစ်ကြောင်းနှင့် အ..က (၂၇ကျောင်းသား/သူများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "သွေးမအေးတဲ့ မန္တလေးဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ဇာတ်သိမ်းရေးအတွက် ဆန္ဒပြခဲ့ သည်။

  • လေးပြင်ရပ်သံဃာတော်များနှင့် ပြည်သူများ စုဖွဲ့ထားသည့် မန်းသံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • အမရပူရမြို့နယ် ဗကသအဖွဲ့ချုပ်နှင့် ဒေသခံပြည်သူများကလည်း ယနေ့နေ့လယ်ပိုင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • စစ်အုပ်စုလက်အောက်ဖွင့်ထားသည့် တက္ကသိုလ်တွင် ပညာသင်ယူနေသည့် မဟာတန်းနှင့် နောက်ဆုံးနှစ်ကျောင်းသားများ အနေဖြင့် မေလ ၂၀ ရက် နောက်ဆုံးထား၍ CDM တွင် ပါဝင်ကြရန်နှင့် ယင်းရက်ကုန်ဆုံးအထိ မလုပ်ပါက စာမေးပွဲဖြေဆိုခွင့် သုံးနှစ် ပိတ်ပင်မည်ဖြစ်ကာ CDM မလုပ်ရန် စည်းရုံးလှုံ့ဆော်သူများကို သုံးနှစ်နှင့်အထက် ကန့်သတ်မည်ဖြစ်ကာ ဘွဲ့လက်မှတ်များကိုလည်း အသိအမှတ်ပြုမည် မဟုတ်ဟု မန္တလာတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာလိုက်သည်။

  • န္တလေးမြို့အဝင် လမ်းဟောင်းနှင့် လမ်းသစ်နှစ်ခုစလုံးတွင် စစ်အုပ်စုလက်နက်ကိုင်များ အင်အားအပြည့်ဖြင့် လုံခြုံရေးယူထားဆဲဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် ခုခံမှုအားကောင်းသည့် စိန်ပန်းကဲ့သို့သော နေရာများမှအပ ကျန်နေရာ များတွင် လုံခြုံရေးချထားမှု လျော့နည်းလာကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၅ နာရီတွင် အတည်ပြုပြောဆိုသည်။

  • ညောင်ဦးမြို့ခံများက ပင်မသပိတ်စစ်ကြောင်းဖြင့် "တောင်တန်းပြည်မ ညီညွတ်သည်ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။

  • မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ရွာတွင် အင်အား ၁၅ ဦးခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိနေကာ ၎င်းတို့အတွက် အနီးရှိ ကိုင်းရွာမှ စစ်အုပ်စုထောက်ခံသူများက ရိက္ခာများပံ့ပိုးပေးလျက်ရှိသည်။ ထို့ပြင် ဓူဝံ၊ ထိန်ပန်း၊ ကျောင်းဖြူကန်ရွာများတွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာတွင်းရွာများ ဖွင့်၊ မဖွင့်အား လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ထိန်ပန်းရွာတွင် PSI စလောင်းများ ဖြုတ်သိမ်းရန်လည်း ဒေသခံများအား ခိုင်းစေခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီး

  • ပဲခူးမြို့ နန်းတော်ရာရပ်ကွက်တွင် ရပ်ကွက်တွင်း စာသင်ကျောင်းများ၌ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းကာ မိမိအစီအစဉ်ဖြင့် လုံခြုံရေးယူကြရန် ရာအိမ်မှူးများအား စစ်အုပ်စုက တာဝန်ပေးထားသည်။

  • ဖြူးမြို့နယ်တွင် စစ်အုပ်စုအား ဆန့်ကျင်ကာ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများအား Phyu Youth Alliance အဖွဲ့က ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

  • မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ အထက်တန်းကျောင်းတွင် နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

  • မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MPDF သည် NUG ကာကွယ်ရေးဝန်ကြီးဌာကန ချမှတ်ထားသည့် ကာကွယ်ရေးတပ်ဖြစ်ကာ ထွေအုပ်၊ ရဲစခန်း၊ တရားရုံးနှင့် ဥပဒေရုံးများမှအပ ကျန်သည့် ကျောင်းနှင့်ရုံးများ၊ အများပြည်သူနှင့်ဆက်စပ်သည့် နေရာများအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ စစ်အုပ်စုလက်နက်ကိုင်များ ရှိသည့်နေရာများအား ရှောင်ကြည်ခြင်းများ ပြုလုပ်ကြရန် ပြည်သူများအား ပန်ကြားထားသည်။

  • ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာအနီးတွင် ယနေ့နံနက် ၁၀ နာရီကျော်ခန့်က အင်အား ၃၀ ခန့်ဖြင့် ရွာဘက် ဝင်လာ သည့် စစ်အုပ်စုလက်နက်ကိုင်နှင့် လုံခြုံရေးယူထားသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံတစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများ ဆက်တိုက်ပြု လုပ်လျက်ရှိသည်။

  • ပုလဲမြို့နယ်နေ ပြည်သူများကလည်း "ကိုဗစ်က ဆေးရှိတယ် မအလ က ကိုယ်တိုင်တော်လှန်မှ ရမှာစသည်ဖြင့် တော်လှန်သောစာများရေးသားကာ အာရုဏ်ဦးအချိန်၌ လူမဲ့သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

  • စစ်ကိုင်း မုံရွာ-ယာကြီးလမ်း တန်ပို (ဂိတ်အနီးတွင် အရပ်ဝတ် စစ်အုပ်စုလက်နက်ကိုင်များနှင့် စစ်ကိုင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ - SPDF နှင့် တိုက်ပွဲများဖြစ်နေကာ စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည့်အတွက် ဒေသခံ များ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

  • မုံရွာ ပင်မသပိတ်စစ်ကြောင်းကလည်း ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • ကလေးမြို့တွင် ညပိုင်းအချိန်များ၌ စစ်အုပ်စုဘက်က ခြောက်လှန့်ပစ်ခတ်မှုများ ရှိနေသည့်တိုင် မနက်ပိုင်းများတွင် ဒေသခံလူငယ်များက လူအင်အား ရာနှင့်ချီစုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြလျက် ရှိသည်။ ယမန်နေ့ညပိုင်းကလည်း ကလေးမြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက သေနတ် ရှစ်ချက်ခန့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

  • ဘုတလင်မြို့နယ်တွင်း ကျေးရွာစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း စီတန်းလှည့်လည်ကာ စစ်အာဏာရှင် စနစ်အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

  • တန့်ဆည်မြို့နယ်နေ ပြည်သူများကလည်း "အရေးတော်ပုံအောင်ရမည်ဟုဆိုကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံမှ ပြည်သူများကလည်း အင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

  • ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရှည်အုပ်စုတွင်လည်း ဒေသခံများငက လူအင်အားရာနှင့်ချီ စုဝေးကာ စီတန်းလှည့် လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတါက် ဆန္ဒထုတ်ဖော်ခဲ့သည်။

  • ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာနေ ကျောင်းသားနှင့် ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆန္ဒပြတော်လှန်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

  • မကွေးတိုင်းတစ်ခုလုံးရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းအုပ် ၂၂၂ အား ပြည်သူ့ ဘက်ရပ်၍ CDM ပြုလုပ်ကာ စစ်အုပ်စုအား တွန်းလှန်မှုဖြင့် ရာထူးမှ အပြီးထုတ်ပယ်လိုက်သည်။

  • မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် အနောက်မြောက်ပိုင်းဇုန် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • တောင်တွင်းကြီးမြို့ အ..က (ကျောင်းတွင် သားသမီးများအား ကျောင်းအပ်ထားသော်လည်း ကျောင်းမလွှတ်သည့် မိဘများအား စစ်အုပ်စုဘက်က "ကလေးကို ကျောင်းလွှတ်မလား၊ ရဲစခန်း သွားမှာလားဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်မှုများ ပြုလုပ်နေ သည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

  • ထားဝယ်မြို့နေ ကျောင်းသားလူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထားဝယ် တပ်ပေါင်းစုနှင့် လူငယ့်ရေးရာသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့သည်။

  • လောင်းလုံမြို့နယ် မောင်းမကန်၊ ပန်းဒလဲ၊ ညင်းမော်စသည့် ကျေးရွာများတွင် ကျေးရွာသပိတ်စစ်ကြောင်းများထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

  • သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ ကျေးရွာတွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

  • ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

  • ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ပေါက်ကွဲမှုများကြောင့် လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ယမန်နေ့ည ၈ နာရီကျော်ခန့်က မီးသတ်ရုံးရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

  • မြောင်းမြမြို့နယ်၊ ကွယ်လွယ်ရာတွင် ဒေသခံများအား သန်းခေါင်စာရင်း အသစ်ပြုလုပ်ရန်အတွက် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများကတစ်ဆင့် ဖိအားပေး ခိုင်းစေနေပြီး အိမ်ထောင်စုတစ်စုလျှင် ၁၅၀၀ ကျပ် တောင်းယူမှုများ ရှိနေသည်။

ကချင်ပြည်နယ်

  • မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာ NLD အမှုဆောင်နှင့် ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်အုန်းက စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က အရပ်ဝတ်များဖြင့် မေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။

  • န်းမော်မြို့တွင် ခရိုင် NLD အလုပ်အမှုဆောင် ဦးမြင့်သိန်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးချစ်ကိုနှင့် အလုပ်အမှုဆောင် ဦးဒီဒေးဗစ် အပါအဝင် ညောင်ပင်ရပ်နေ ကိုဝင်းနိုင်ဦးဆိုသူ၏ ညီနှင့် မင်းကျောင်းကုန်းရပ်ကွက်နေ ဒေါ်ညွန့်ကြည်တို့အား ယမန်နေ့ ညပိုင်းက စစ်အုပ်စုက ဖမ်းဆီးသွားသည်။ စစ်အုပ်စုလက်နက်ကိုင်များက ကိုဝင်းနိုင်ဦးအား ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မတွေ့ရှိသည့်အတွက် ၎င်း၏ ညီအား ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ မည်သည့်အတွက် ဖမ်းဆီးမှုများ ပြုလုပ် သည်နှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။

  • ပူတာအိုမြို့၊ ဆွမ်ပီယန်နှင့် အင်ဆိုင်းယန်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး ၁၇ ဦးအား စစ်အုပ်စုလက်နက်ကိုင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ မူလာရှီးဒီးတံတားအနီးရှိ ၁၃၈ တပ်စခန်းဘက် အရောက်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

  • ရွှေကူမြို့တွင် လိုင်းပြေးဆွဲနေသည့် ပုဂ္ဂလိပိုင်မော်တော်များအား စစ်အုပ်စုဘက်က စက်သုံးဆီပေး၍ မောင်းပို့ပေးရန် အဓမ္မ ချောဆွဲခိုင်းစေမှုများ ပြုလုပ်နေကာ မမောင်းပေးသူများအား ပြေးဆွဲခွင့်လိုင်စင် ပိတ်သိမ်းမည်ဟု ဖိအားပေးလျက် ရှိသည်။ ရွှေကူတွင် စစ်အုပ်စုရေယာဉ်များအား KIA ဘက်က မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

  • မိုးကောင်းနေ ပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။

  • ဖားကန့်၊ တာမခန်မြို့သစ်တွင် စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ Non CDM ပညာရေးဝန်ထမ်းများက ကျောင်းဖွင့်ရန် ပြုလုပ်နေသည့်အတွက် စစ်အုပ်စုပေးမည့် ကျွန်ပညာရေးနှင့် Non CDM ဆရာ/ဆရာမများ အလိုမရှိကြောင်း ကျောင်းရှေ့များသို့ ချီတက်ကာ သံဗုံးတီး ဆန္ဒဖော်ထုတ်ခဲ့သည်။

  • ဖားကန့်၊ ကျောက်ဝိုင်းသပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ပြခဲ့ကြသည်။

  • ဖားကန့်၊ ဆိပ်မူ (ဆိုင်းတောင်ကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာနေ လူငယ်များကလည်း ကချင်အလံများ လွှင့်ထူကာ ဖက်ဒရယ်တပ်မတော် ကြိုဆိုကြောင်းနှင့် လူထုအားကာကွယ်ရန်အတွက် KIA တပ်အား လိုအပ်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။

  • စစ်ကိုင်းတိုင်းနယ်စပ် ကချင်ပြည်နယ်အဝင် နန့်စီးအောင်ဂိတ်တွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးအပြည့် ယူကာ ခရီးသည်တင်နှင့် ကုန်တင်ကားများအား စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

ကယားပြည်နယ်

  • မိုးဗြဲတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF နှင့် စစ်အုပ်စုလက်နက်ကိုင်များ ယမန်နေ့က ဒုန်းဒူထန်းနှင့် ပွဲကုန်း (အကြား ရထားလမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ထိတွေ့မှုဖြစ်ခဲ့ရာ KNDF ဘက်က တစ်ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးကာ စစ်အုပ်စုဘက်က ၂၀ ဝန်းကျင်ခန့် သေဆုံးကာ လေကြောင်းပစ်ကူများလည်း သုံးခဲ့သည်ဟု သိရသည်။

  • ဒီးမော့ဆိုမြို့နယ် ဒေါငံခါးလမ်းဆုံအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက နံနက် ၆ နာရီခန့်ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေါငံခါး ငြိမ်းချမ်းခြင်းသခင်မကတ်သလစ်ဘုရားကျောင်း ကျည်ထိမှန်ကာ အဆောက်အဦ အ စိတ်အပိုင်းအချို့ ပျက်စီးခဲ့ကာ လူနေအိမ်များလည်း ပျက်စီးမီးလောင်ခဲ့ကာ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း လူနေရပ်ကွက်များသို့ ကျရောက်ခဲ့သည်။ စစ်အုပ်စုဘက်က ရှမ်း-ကယား မိုးဗြဲနှင့် ဒီးမောဆိုတို့တွင် ပြည်သူပိုင်အိမ်များအား အကာအကွယ်ယူကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေရသည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်သွားရန် ညွှန်ကြား ထားသည်။ ဒီးမော့ဆိုတိုက်ပွဲတွင် KNDF ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးထားကာ စစ်အုပ်စုဘက်က အင်အားထပ်ဖြည့်မှု များလည်း ရှိနေသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF ဘက်က သိရသည်။

  • ကယားပြည်နယ်အနှံ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုအကြား တိုက်ပွဲဖြစ်နေပြီး ဆက်သွယ်ရေး လမ်းကြောင်းများအား စစ်အုပ်စုဘက်က ပိတ်ဆို့ထားသည့်အတွက် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်မားလာလျက် ရှိသည်။

ကရင်ပြည်နယ်

  • ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရှိ ကျောင်းသားလူငယ်များကလည်း "ငါတို့ ဘယ်တော့မှ သွေးမအေးဘူးဟု ရေးသား ထားသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • လှိုင်းဘွဲ့မြို့ အ..ကကျောင်းတွင် ယခင်က ၇၈၀ ခန့် ကျောင်းတက်ရာမှာ ယခုစာသင်နှစ်တွင် ၁၁၅ ဦးသာ တက်ရောက် ပြီး ကျောင်းလုံခြုံရေးအတွက် ကျောင်းသားမိဘများက တာဝန်ယူလုံခြုံရေးစောင့်ပေးနေရသည်။

ချင်းပြည်နယ်

  • ဟားခါး-မတူပီလမ်းရှိ ကျေးရွာခုနစ်ရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေရကာ စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့်အထိ ရှိလာပြီဟု သိရသည်။ အဆိုပါကျေးရွာ ခုနစ်ရွာမှာ ဆူရ်ခွာ၊ လုံးခင်း၊ ဖိုင်ဇောင်၊ အိုင်က၊ ရှာတလိုင်၊ လုံးရမ်းနှင့် လောက်လုံးကျေးရွာတို့ ဖြစ်သည်။

  • ဟားခါးမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ညနေပိုင်းကပေါက်ကွဲမှုဖြစ်ခဲ့ရာ လူငယ်သုံးဦး သေဆုံးခဲ့သည်။ သေဆုံးသွားသည် လူငယ်များမှာမိမိတို့၏ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း Chinland Defense Force က ကြေညာထားသည်။ ထို့ပြင် ဟားခါးမြို့ ခရိုင်ထွေအုပ်ရုံးနှင့် မြို့သစ်ရပ်ကွက်တွင်ပင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက မြို့နယ်တွင်း လုံခြုံရေးတင်းကြပ်ကာ လိုက်လံဖမ်းဆီးမှုများ လုပ်ခဲ့သည့်အတွက် ဒေသခံ ၄၀ ဦးခန့် ဖမ်းဆီးခံထားရသည်။ ကျဆုံးခဲ့သည့် CDF တပ်ဖွဲ့ဝင်များ၏ အသုဘအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကာဆင်နှစ်ခြင်းအသင်းတော်တွင် ပြုလုပ်ခဲ့ရာ လူရာနှင့်ချီ တက်ရောက်ခဲ့သည်။

  • ဖလမ်းမြို့နယ်၊ မြို့မရဲတပ်ဖွဲမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား တခွန်းကျန်ထန်းမှာ စစ်အုပ်စုလက်အောက် တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် CDM ပြုလုပ်လာပြီ ဖြစ်သည်။

  • မင်းတပ်တွင် ယနေ့နံနက် ၁၀ နာရီခန့်ကစ၍ စစ်အုပ်စုက မင်းတပ်မြို့ စီချဲ့ရပ်ကွက်မှ အင်အား ၈၀ ခန့်ဖြင့် ရှက်ရွာဘက်သို့ လည်းကောင်း၊ မင်းတပ်အရှေ့ဘက် ဘောင်ထဲရွာသို့ ချောင်းဆုံမှတစ်ဆင့် အင်အား ၉၀ ကျော်ဖြင့် တိုးလာသည့်အတွက် ဒေသခံ Chinland Defense Force တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် မကွေးနှင့် ချင်းပြည်နယ်နယ်စပ် ရွှေအောင်သာရွာဘက်မှ အင်အား ၁၂၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များနှင့် CDF တပ်ဖွဲ့များအကြား ဇွန်လ ၃ ရက်ကတည်းက ယနေ့အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်

  • မော်လမြိုင်မြို့နေ လူငယ်များက "တရုတ်သြဇာခံ အာဆီယံ အလိုမရှိ"၊ "အချိန်ဆွဲမယ့် အာဆီယံအကြံ တို့လက်မခံဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အုပ်စုအလိုကျ လုပ်ဆောင်နေသည့် အာဆီယံအဖွဲ့အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

  • ပေါင်မြို့နေ လူငယ်များကလည်း "မတရားမှုက ဥပဒေဖြစ်လာပြီဆိုရင် ခုခံတော်လှန်ခြင်းဟာလည်း ဝတ္တရားဖြစ်လာတယ်အပါအဝင် စစ်အုပ်စု အလိုမရှိကြောင်းစာများ ရေးကာ Paper Strike ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

  • ရွှေညောင်မြို့တွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသူ လူငယ်သုံးဦးအား မြို့လယ်မီးပွိုင့်လမ်းဆုံတွင် စစ်အုပ်စုလက်နက်ကိုင်များက ကျည်အစစ်များသုံးကာ လိုက်လံပစ်ခတ်ခဲ့သည့်အတွက် ကိုသန့်စင်အောင်နှင့် ကိုသိန်းနိုင်တို့ နှစ်ဦး သေဆုံးခဲ့ကာ ကိုခိုင်ဇော်ဝင်းဆိုသူအား ဖမ်းဆီးသွားသည်။

  • ရှမ်းမြောက်၊ ကွတ်ခိုင်နှင့် မုန်မစ်ဆင်လီကြား မန်ပိန်းရွာအထက်ဘက်ရှိ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အား KIA တပ်ဖွဲများက ယမန်နေ့ည ၁၁ နာရီခွဲခန့်က ဝင်ရောက်စီးနင်းရာ သေနတ်ပင် မဖောက်ခဲ့ရဘဲ လက်နက်နှင့် လက်လုပ်မိုင်းများ သိမ်းယူရရှိခဲ့သည်။

  • ကျောက်မဲတွင် စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးမှုများ ရှိသည့်ကြားပင် စစ်အာဏာရှင်နစ် ဆန့်ကျင်ကြောင်း ပြောက် ကျားသပိတ် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်

  • တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာအနီးတွင် မိုးပညာဒါနကျောင်း ဆောက်လုပ်ရန် ပြင်ဆင်နေသည့် ပြည်သူ ခုနစ်ဦး အား ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်သည်ဟု ဆိုကာ ဇွန်လ ၅ ရက်က စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်။

နေပြည်တော်

  • စစ်အုပ်စုက လုံခြုံရေးအတွက် တိုင်း/ပြည်နယ်များသို့ ပေးပို့သော လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် စာရွက်စာတမ်း ပြင်ပသို့ ပေါက်ကြားပါက အဆိုပါဌာနအား အရေးယူမည်ဟု ဖိအားပေးညွှန်ကြားထားသည်။

  • နယ်စပ်ဒေသရှိ ပြည်သူများ လုပ်ကိုင်စားသောက်နိုင်ရန် ခွင့်ပြုထားသည့် ITC ကတ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး တင်သွင်းခွင့်အား စစ်အုပ်စုက ပိတ်ပင်လိုက်သည်။ အာဏာသိမ်းကာလအတွင်း နို့မှုန့်နှင့် အသင့်သောက်ကော်ဖီများ တင်သွင်းခွင့်ကိုလည်း နယ်စပ်ကုန်းကြောင်းမှ တင်သွင်းခွင့်ကို ပိတ်ပင်ထားသေးသည်။

  • ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာတွင် ဇွန်လ ၅ ရက် ပစ်ခတ်မှုတွင် ဒေသခံလေးဦး သေဆုံးကာ နှစ်ဦးအား ဂတ်စ်သေနတ်များဖြင့် ဖမ်းဆီးမိခဲ့ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ထားပြီး သေဆုံးသူမှာ ယင်းထက်ပိုများနိုင်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

ဇွန်  သုံးသပ်ချက်

  • ရန်ကုန်တွင် မြို့နယ်အလိုက် ပြောက်ကျားသပိတ်များ ရှိနေကာ စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးရုံးများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ညပိုင်းများတွင် သံဗုံးတီးမှုနှင့် စစ်အုပ်စုဆန့်ကျင်ကြောင်း ကြွေးကြော်မှုများ ဆက် လက်အားကောင်နေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း ကင်းလှည်မှုများ မပြတ်ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စုခန့် အရပ်သား ရပ်ကျေးအုပ်ချုပ်ရေးနှင့် ရာအိမ်မှူး နုတ်ထွက်မှုများ ရှိလာပြီဟု သတင်းများထွက်လာကာ စစ်အုပ်စုဘက်က အဆိုပါသတင်း မပြန့်နှံ့ရေးအတွက် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိသည်။

  • မန္တလေးတွင် လမ်းပေါ်တက် ဆန္ဒပြသပိတ်ကြီးများ အားကာင်းနေကာ စစ်အုပ်စုဘက်ကလည်း လုံခြုံရေးအင်အား လျော့ထားလျက်ရှိသည်။ နေ့စဉ်သပိတ်ထွက်ကာ ခုခံမှုအားကောင်းသည့် စိန်ပန်းဘက်တွင်သာ လုံခြုံရေးအင်အားတိုးထားကာ ဝင်ရောက်စစ်ဆေးမှုများလည်း မပြတ်ပြုလုပ်လျက်ရှိသည်။

  • ကယားပြည်နယ် ဒီးမော့ဆိုနှင့် ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား ပစ်ခတ်မှုများ ဆက်တိုက်ရှိနေကာ စစ်အုပ်စုဘက်က အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိသည်။

  • ကျန် တိုင်းနှင့် ပြည်နယ်များတွင် စစ်အုပ်စု ဆန့်ကျင်ရေး လူထုသပိတ်များ အားကောင်းဆဲဖြစ်ကာ စစ်ကိုင်းတိုင်း၊ ကနီဘက်တွင်မူ စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်။ ထို့ပြင် မြင်းခြံနှင့် အနီးအနားရွာများတွင်လည်း သပိတ်များ ပြန်လည်မဖြစ်ပေါ်အောင် လုံခြုံရေးအင်အားသုံး ကင်းလှည့်မှုများ ဆက်တိုက် လုပ်ဆောင်လာနေသည်။

  • စစ်အုပ်စုဘက်တွင် နိုင်ငံတကာဖိအား လုံးလုံးမရှိသလောက် ဖြစ်နေကာ ပြည်တွင်း၌ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင် ရေးကိုသာ အာရုံစိုက်လုပ်ကိုင်လျက်ရှိသည်။ မြို့ကြီးများပေါ်တွင် လက်နက်ဖြင့် ပြန်လည်ခုခံများ ဆက်တိုက်ရှိနေကာ စစ်အုပ်စုဘက်တွင် အင်အားနည်းနေသည့်အတွက် အပြည့်အဝ လုံခြုံရေးမချထားနိုင်ဘဲ လှည့်ကင်းစနစ်ဖြင့်သာ လုပ်ဆောင်နေရသည်။ တိုင်းရင်းသားဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် စစ်အုပ်စုဘက်က အလျင်အမြန် ပြီးဆုံးရန်အတွက် လက်နက်ကိုင်အင်အား ထပ်တိုးကာ နည်းပေါင်းစုံသုံး တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေသည့်အတွက် သတိထားရန် လိုအပ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required