အသုတ်မြို့ မီးသတ်ရုံးရှေ့ဗုံးပေါက်

အသုတ်မြို့ မီးသတ်ရုံးရှေ့ဗုံးပေါက်

ဇွန် ၅

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊အသုတ်မြို့ မီးသတ်ရုံးရှေ့မှာ ဇွန်လ ၅ ရက်နေ့ ည ၈နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက  ညမထွက်ရသတ်မှတ်ထားတဲ့အချိန်ပေါက်ကွဲခဲ့တာဖြစ်ပြီး ည ၈နာရီကျော်အချိန်က အသုတ်မြို့ပေါ်မှာ လူသွားလူလာမရှိတော့ဘူးလို့ဒေသခံတစ်ဦးကပြောပါတယ်။

" အသံကတော့အကျယ်ကြီးပဲ ညမထွက်ရအချိန်ပေါက်တာဆိုတော့ သွားလဲမကြည့်ရဲဘူး ည ၈ နာရီဆိုအသုတ်မြို့ပေါ်ကလူတွေ ဘယ်သူမှအပြင်မထွက်တော့ဘူး၊မီးသတ်တစ်ယောက်ထိသွားတယ်လို့တော့ပြောတယ် တိတိကျကျတော့မသိရသေးဘူး"လို့ဒေသခံကဆက်လက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက ဗုံးပေါက်ကွဲတဲ့နေရာမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပြီး  ဇွန်လ ၁ ရက်နေ့က ဗုံး သုံးကြိမ်ဆက်တိုက်ပေါက်ကွဲမှုအပြီးမှာ စစ်အုပ်စုနဲ့ရဲတွေက အသုတ်ဒေသခံခြောက်ဦးကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly