ဟင်္သာတမြို့ အမက ၁၁ ကျောင်းအနီး ဗုံးတွေ့ရှိ

ဟင်္သာတမြို့ အမက ၁၁ ကျောင်းအနီး ဗုံးတွေ့ရှိ

ဇွန် ၄

ဧရာဝတီတိုင်း ဟင်္သာတမြို့ ဆယ်ထပ်ကြီးဘုရားကုန်းနားက အမှတ် ၁၁ မူလတန်းကျောင်းအနီးမှာ ဇွန်လ ၄ရက်နေ့ မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့တယ် သိရပါတယ်။

"မနက် ၁၀ နာရီခွဲလောက်က ဗုံးတွေ့တာဗျ တွေ့တွေ့ချင်းပဲ စစ်တပ်က အင်အား မနဲများတယ်ရောက်လာကြတာ ပြီးတော့ လမ်းတွေပိတ်ပြီး လာသမျှဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို ပြန်လွှတ်နေတယ်"လို့ ဒေသခံတွေကပြောပါတယ်။

မူလတန်းကျောင်းအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့ပေမယ့် ကျောင်းတက်နေတဲ့ အမက ၁၁ ကျောင်းက ကလေးတွေကိုတော့ အိမ်ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။ စစ်အုပ်စုနဲ့ရဲတွေကတော့ ဆယ်ထပ်ကြီးဘုရားကုန်းလမ်းကိုပိတ်ပြီး ဗုံးကိုစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly