မြန်အောင်မြို့ ကြံ့ခိုင်ရေးပါတီဥက္ကဌ နေအိမ်ရှေ့ ဗုံးပေါက်ကွဲ

မြန်အောင်မြို့ ကြံ့ခိုင်ရေးပါတီဥက္ကဌ နေအိမ်ရှေ့ ဗုံးပေါက်ကွဲ

ဇွန် ၄

ဧရာဝတီတိုင်း မြန်အောင်မြို့ ကြာနီကန်လမ်းက ကြံခိုင်ရေးပါတီဥက္ကဌ ဦးနေဝင်းဇော်ရဲ့ အိမ်ရှေ့မှာ ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၃ နာရီ ၅၀ အချိန်လောက်ကဗုံးပေါက်ခဲ့တယ်လို့သိရပါတယ်။

" မနက်အစောကြီး ပေါက်တာဗျ အသံအကျယ်ကြီးပဲ ညမထွက်ရအချိန်ဆိုတော့ ဘယ်သူမှသွားမကြည့်ရဲဘူး၊မိုးလင်းမှ ကြံ့ခိုင်ရေးအိမ်မှာပေါက်မှန်းသိကြတယ် ကားမှန်တော့နဲနဲထိသွားတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပေါ်ပြီး မိနစ်အနည်းငယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ရဲတွေက ကြာနီကန်လမ်းပေါ်မှာ ပိတ်ဆို့မှုတွေပြုလုပ်ပြီး ဆိုင်ကယ်နဲ့ကားတွေကို ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်၊စစ်အုပ်စုက လက်နှက်အင်အားတွေနဲ့ ရှာဖွေစစ်ဆေးနေတဲ့အတွက် မြန်အောင်မြို့ပေါ်မှာ လူအသွားအလာကြဲသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly