အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ရောက်ရှိ

အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ရောက်ရှိ
Photo - AFP

ဇွန် ၄

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ ကိုယ်စားလှယ်များသည် ဇွန်လ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး အဲ၀မ် ပီဟင် ယူဆော့ဖ် နှင့် အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင် တို့သည် ဇွန်လ ၃ ရက် ညနေစောင်းတွင် နေပြည်တော်ကို ရောက်ရှိလာခဲ့ကြောင်း အမည်မဖော်လိုသူ မြန်မာအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အဆိုပါ အာဆီယံအဖွဲ့ ကိုယ်စားလှယ် နှစ်ဦးသည် ဇွန်လ ၄ ရက် မနက်ပိုင်းတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အထက်ပါအရာရှိကြီးက ပြောသည်။

အဆိုပါ တွေ့ဆုံမှု အစည်းအဝေးများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ဂျာနယ်လစ်များကို ပြောသည်။

အာဆီယံသည် မြန်မာ့ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် သံတမန်ရေး အားထုတ်မှုများကို ဦးဆောင်လုပ်ကိုင်နေသော်လည်း အဆိုပါ ဒေသတွင်းအုပ်စုသည် ယင်း၏ သံတမန်ရေး သြဇာသက်ရောက်မှုပိုင်းနှင့်ပတ်သက်ပြီး လူသိများ ကျော်ကြားထားခြင်းတော့ မရှိပေ။

ထို့ပြင် ယင်းအုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိ ဖြစ်စဥ်များအပေါ် မည်မျှအထိ ထိရောက်စွာ သြဇာလွှမ်းမိုးနိုင်မည်လဲ ဆိုသည်ကိုလည်း လေ့လာစောင့်ကြည်သူများက မေးခွန်းထုတ်ထားကြသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူဒဏ်ခတ်မှုများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့သော်ငြား အာဆီယံသည် စည်းလုံးညီညွတ်သော ဟန်ပန်တစ်ခုကို ပုံဖော်နိုင်ရန် ရုန်းကန်ထားခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required