ဒေါ်အောင်ဆန်းစုကြည်နှင့် လျို့ဝှက်အက်အမှု မစစ်နိုင်သေး နောက်ရုံးချိန်း ဇွန် ၁၇ ရက်သတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် လျို့ဝှက်အက်အမှု မစစ်နိုင်သေး နောက်ရုံးချိန်း ဇွန် ၁၇ ရက်သတ်မှတ်

ဇွန် ၃

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ဆွဲဆိုထားသော နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မဆိုင်ရာအမှုနှင့်ပတ်သက်၍ ယနေ့ရုံးချိန်းတွင် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ နောက်တစ်ကြိမ်ရုံးချိန်းကို ဇွန် ၁၇ ရက်နေ့သို့ သတ်မှတ်လိုက်သည်။

အသက် ၇၅ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ လျို့ဝှက်အက်အမှုတွဲဖိုင်ကို အထက်တရားရုံးဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပြန်လည်ချပေးခြင်းမရှိသေးသောကြောင့် ခုနှစ်ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ဇွန် ၃ ရက်နေ့တွင် အမှုစစ်၍မရဘဲဖြစ်ခဲ့သည်။

မေလ ၂၀ ရက်နေ့ ရုံးချိန်းမတိုင်မီကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွဲဖိုင်ကို နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးက တောင်းယူထားခဲ့သည်ဟု ရှေ့နေ ဒေါ်စန်းမာလညွှန့်က မဇ္ဈိမကို ပြောသည်။ 

အမှုကို တကယ်တန်းရင်ဆိုင်ရလျှင် မည်သည့်တရားရုံးတွင် ရင်ဆိုင်ရမည်ကို အမှုလိုက်ပါဆေင်ရွက်ပေးသည့် ရှေ့နေများပင်မသိသေးဘဲဖြစ်သည်။  

ရုံးချိန်းသတ်မှတ်မှုနှင့်ပတ်သက်ပြီး ခရိုင်တရားရုံးတရားသူကြီးများက ယခုတစ်ကြိမ်သည် ခုနှစ်ကြိမ်မြောက်ရုံးချိန်းဟုဆိုသော်လည်း ရှေ့နေ ဒေါ်စန်းမာလာညွှန့်လိုက်ပါဆောင်ရွက်ရသည်ကတော့ ငါးချိန်းမြောက်သာဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဆွဲဆိုခံထားရခြင်းဖြစ်ပြီး စစ်ကောင်စီက သူ့အပေါ် ဆွဲဆိုထားသော အမှုခြောက်မှုအနက် တစ်ခုဖြစ်သည်။ ကျန်အမှုများမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင်ဆွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅  ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့ဖြစ်သည်။

ယခင်ကလည်း နေပြည်တော်တွင်ဆွဲဆိုသောအမှုများနှင့်ပတ်သက်၍ တရားရုံးချိန်းနှစ်ခုကို အင်တာနက်မကောင်းဟုဆိုကာ ရုံးချိန်းရွှေ့ဆိုင်းခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ရက်ပေါင်း ၅၀ ကျော်အထိ သူမဘက်မှလိုက်ပါဆောင်ရွက်ပေးမည့်ရှေ့နေနှင့် တွေ့ခွင့်မရဘဲရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required