စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်တိုက်က်ပွဲ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများ

စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်တိုက်က်ပွဲ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများ

ဇွန် ၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်၊ ဝူထန်ယာန် နှင့် ဒေါ့ဖုန်းယာန်ကြားတွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

ဇွန်လ ၃ ရက် မနက်ပိုင်း  ၉နာရီ ၄၅ မိနစ်အချိန်ခန့်မှာ နွမ်လန့် ဘက်မှတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်း ကို ကေအိုင်အေ တပ်မှ လမ်းခုလပ်တွင်စောင့်ကြိုတိုက်လိုက်ခဲ့တယ်လို့ ကေအိုင်အ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။ 

စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ကျော်ကို ကေအိုင်‌အေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားချိန်  မိနစ်-၃၀ ခန့်သာကြာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ စစ်တပ်ဖက်က ကျဆုံး နဲ့ ဒဏ်ရာရရှိသူ အယောက်၂၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံ ကေအိုင်အေ ရင်းမြစ်တစ်ခုကပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်ရဲ့လက်နက်အချို့ကိုလည်း ကေအိုင်အေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ 

ကေအိုင်အေ ဘက်က ထိခိုက်ကျဆုံးမှုနဲ့ ဖြစ်စဉ်အသေးစိတ်ကို ကေအိုင်အေ၊ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္စျိမက ဖုန်းဆက်သွယ်မေးမြန်းပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly