ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေး နေရာများတွင် အကြမ်းဖက်မှု ယူနီဆက်(ဖ်) ကန့်ကွက်

ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေး နေရာများတွင် အကြမ်းဖက်မှု ယူနီဆက်(ဖ်) ကန့်ကွက်

ဇွန် ၃

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးသောနေရာများတွင် ပေါက်ကွဲမှုများဖြစ်ပွားမှုတိုးလာနေချိန်တွင် စာသင်ကျောင်းများနှင့် ကျောင်းအနီး အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်ကြောင်း  ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ဖြစ်သော ယူနီဆက်(ဖ်)က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည်။ 

" ကျောင်းများအတွင်းအကြမ်းဖက်မှု သို့မဟုတ် ကျောင်းအနီးအနားတွင်အကြမ်းဖက်မှုကို လုံးဝလက်သင့် မခံနိုင်ပေ။" ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှသည် မေလ ၃၁ ရက်နေ့အထိ စာသင်ကျောင်းများနှင့် ကျောင်းဝန်ထမ်းများကို တိုက်ခိုက်မှု အနည်းဆုံး ၅၄ ခုရှိခဲ့ပြီး စစ်တပ်အသုံးပြုနေသော ပညာရေးဝန်ဆောင်မှုပေးသည့်နေရာများတွင် မတော်တဆဖြစ်မှုက ၁၄၁ ခု ရှိခဲ့သည်ဟု ယူနီဆက်(ဖ်) ကပြောသည်။ 
တိုက်ခိုက်မှု ၅၄ ခုတွင် အနည်းဆုံး ၃၉ ခုက မေလတစ်လထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးသောနေရာများကို ကာကွယ်ပေးရန်၊ ပညာရေးဝန်ထမ်းများကို တိုက်ခိုက်မှုနှင့် ပညာရေးဝန်ဆောင်မ ှုပေးသောနရာများကို သိမ်းယူခြင်းသည် ကလေးသူငယ်အခွင့်ရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူနီဆက်(ဖ်)က ပြောသည်။

" ကလေးသူငယ်များအနေဖြင့် ဆက်လက်သင်ယူလေ့လာမှုများ ပြုလုပ်နိုင်ရန် လုံခြုံစိတ်ချရ၍၊ သင့်တင့်လျှောက်ပတ်ပြီး အများကပူးပေါင်းပါဝင်မှုရှိသော အခွင့်အလမ်းများကိုလိုအပ်ပါသည်။ ကလေးများ သင်ယူလေ့လာမှုများပြုလုပ်နိုင်ရန် မည်သည့်အချိန်တွင်မဆို စိတ်ချလုံခြုံမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ရန်" လည်း ယူနီဆက်(ဖ်)က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required