ဖားကန့်မြို့ရှိကျောင်းအများစုတွင် ယနေ့အထိ ကျောင်းတက်သူများမရှိ၊ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတွင်လည်းကျောင်းတက်မည့်သူများမရှိ

ဖားကန့်မြို့ရှိကျောင်းအများစုတွင် ယနေ့အထိ ကျောင်းတက်သူများမရှိ၊ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတွင်လည်းကျောင်းတက်မည့်သူများမရှိ
ပုံ-CJ (ဖားကန့်မြို့ကျောင်းအများစု၏ယနေ့ကျောင်းဖွင့်မြင်ကွင်းအခြေအနေ)

ဇွန် ၂

ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျောင်းအများစုတွင် ယနေ့ (ဇွန် လ ၂ ရက်) ဒုတိယမြောက်ရက်အထိ ကျောင်းတက်သူများမရှိသလိုကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတွင်လည်းကျောင်းတက်မည့်သူများမရှိကြောင်းဒေသခံများထံမှသိရသည်။

အဆိုပါမြို့ရှိ အ.ထ.က ဖားကန့် ၊ အ.လ.က မရှီကထောင်၊ အေးမြသာယာ မူလွန် ၊ငှက်ပျောတော၊ တာမခန် စသည့်အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းတက်သူများမရှိသော်လည်း ဖားကန့်လုံးခင်းတွင်မူ ကျောင်းတက်သူဦးရေ (၆၀)‌ ကျော်ရှိကြောင်း ဒေသခံတစ်ဦးကမဇ္ဈိမကိုပြောသည်။

"ကျန်တဲ့ကျောင်းတွေတော့မသိဘူးခုနကပြောတဲ့ကျောင်းတွေကတော့ကျောင်းတက်သူလုံး၀မရှိဘူး၊ဆရာမတွေကတော့ကျောင်းတွေမှာရှိတယ်ကျောင်း၀င်းတံခါးဖွင့်ထားတာတွေ့တယ်၊စောင့်ကြည့်တဲ့သူတွေလဲပြန်ပြောပြတာတော့ကျောင်းသားအ၀င်အထွက်မရှိဘူးပြောတယ်၊နောက်ပြီးကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းစလုံးကျောင်းသားမရှိဘူး"ဟု၎င်းကပြောသည်။

နိုင်ငံတဝှမ်း အကြမ်းဖက်စစ်ကောင်စီ၏စီမံမှုဖြင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင်ကျောင်းများဖွင့်လှစ်ခဲ့ရာ ‌ဇွန်လ ၂ရက်နေ့အထိ ကချင်ပြည်နယ်ရှိဖားကန့်မြို့မှာကျောင်းတက်သူဦးရေမရှိသလောက်နည်းပါးကြောင်းသိရသည်။ထို့အပြင်ကိုယ်ပိုင်စာသင်ကြောင်းအများစုမှာလည်း ပြီးခဲ့သည့်မေလ ၂၂ ရက်ကလည်းကိုယ်ပိုင်ကျောင်းဆရာမတစ်ဦးချင်းဆန္ဒအလိုက်ကျောင်းမဖွင့်ရန်အချင်းချင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

     "CDM မလုပ်ဘဲကျောင်းတက်တဲ့ဆရာမကဘယ်လိုပြောလဲဆိုတော့ကျောင်းထဲသွားပြီးစာသင်စရာလဲမရှိဘူးဒီအတိုင်းငုတ်တုတ်ထိုင်နေရုံပဲ၊နင်လာခဲ့လိုက်ပါလားစာသင်စရာမလိုဘဲလစာရတယ်ပေါ့၊အထက ဖားကန့်ကျောင်းကဆရာမကCDM လုပ်တဲ့ဆရာမတွေကိုဖုန်းဆက်‌လှမ်းပြောတာပါ"ဟု ယင်းဒေသရှိ CDM ပြုလုပ်သောဆရာမတစ်ဦးကမဇ္ဈိမကိုဖြေကြားသည်။

ဖားကန့်မြို့တွင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းအပါအ၀င် အခြေခံပညာကျောင်းပေါင်း ၁၈၈ ကျောင်းကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly