CDM ပြုလုပ်နေတဲ့ တွဲဖက်တရားသူကြီးဦးကောင်းမြတ်သူနှင့် အင်တာဗျူး

CDM ပြုလုပ်နေတဲ့ တွဲဖက်တရားသူကြီးဦးကောင်းမြတ်သူနှင့် အင်တာဗျူး

ဇွန် ၂

"ကျွန်တော်တို့တရားရေးမှာလုပ်ခဲ့တဲ့ကာလမှာလဲဘယ်လောက်ပဲအကောင်းဆုံးလုပ်ခဲ့လုပ်ခဲ့ပြည်သူတွေကအကောင်းမပြောခဲ့ဘူး CDM မလုပ်တဲ့သူတွေအဲ့ဒီအချက်တွေကြည့်ကောင်းကြည့်လိမ့်မယ်၊ဒါပေမယ့်ဒါကနိုင်ငံရေးမဟုတ်ဘူးနိုင်ငံ့အရေးဖြစ်သွားပြီကိုယ်လုပ်နေတဲ့အလုပ်ကတရားဥပဒေအလုပ်ကိုလုပ်နေတာဖြစ်တယ်ရှင်းရှင်းပြောရရင်ဓမ္မနဲ့အဓမ္မကိုတွဲပြီးလုပ်နေရတဲ့အလုပ် ဒါကိုဘာကြောင့်မမြင်ရတာလဲ"

  အကြမ်းဖက်စစ်ကောင်စီမှအာဏာသိမ်းပြီးကာလမှာ ဒုတိယမြောက်အစောဆုံး CDM ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှ တွဲဖက်တရားသူကြီးဦးကောင်းမြတ်သူကို မဇ္ဈိမသတင်းဌာနမှဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ဦးကောင်းမြတ်သူဟာဆိုရင်လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေတဲ့မြေအောက်တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သလို လက်ရှိ တရားရေးမဏ္ဍိုင်တည့်မတ် ဖို့ တရားရေးကCDMသမားတွေနဲ့ပူးပေါင်းပြီးသမဂ္ဂဖွဲ့စည်းလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင်အရင်ကရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမှာတာဝန်ထမ်းဆောင်ခဲ့စဉ်ပြည်သူ့အတွက်ဥပဒေပညာဆိုင်ရာအခြေခံသင်တန်း‌တွေ၊ဥပဒေစာကြည့်တိုက်တွေအပါအဝင် တရားရေးကိစ္စတွေမှာရှမ်းဘာသာစကားအဖြစ်‌ပြောင်းလဲပေးခဲ့တဲ့အတွက် ရှမ်းပြည်နယ်တရားလွှတ်တော်တရားကြီးချုပ်မှ တရားရေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနဲ့အများပြည်သူလေးစားအောင်လုပ်ဆောင်သေတရားသူကြီးဂုဏ်ပြုဆုအား ၂၀၁၉ ခုနှစ်မှာရရှိခဲ့သလို ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းစာကြည့်တိုက်အတွက်ရန်ပုံငွေရှာပေးခဲ့လို့ပြည်နယ်အစိုးရမှစီမံထူးချွန်ဆုကို ၂၀၂၀ မှာပေးအပ်ခဲ့တဲ့အတွက်စတဲ့ထူးချွန်ဆုတွေကိုရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်။

မေး။ ။ဆရာကတရားသူကြီးထဲမှာ ဒုတိယမြောက်အစောဆုံးCDMလုပ်တဲ့တရားသူကြီးဖြစ်တဲ့အပြင် အာဏာသိမ်းစစ်ကောင်စီကိုတောက်လျှောက်တော်လှန်နေတာလဲတွေ့ရလို့ဘယ်လိုပုံစံမျိူးနဲ့တော်လှန်ရေးမှာပါဝင်နေသလဲ။

 ဖြေ။ ။ကျွန်တော်ချောင်းဦးမြို့နယ်မှာတာဝန်ထမ်းဆောင်ခဲ့တော့အဲ့ဒီမှာရှိတဲ့ပင်မသပိတ်စစ်ကြောင်းမှာလူထုတိုက်ပွဲတွေမှာပါဝင်ခဲ့တယ်၊နောက်ပိုင်းပုဒ်မတပ်ပြီးအရေးယူဖမ်းဝရမ်းတွေထုတ်လာတော့ချောင်းဦးမြို့နယ်ကနေရွှေ့ပြီး မြင်းခြံတို့ မန္တလေးတို့စတဲ့နေရာတွေရွေ့လျားပြီးအဲ့ဒီကသပိတ်စစ်ကြောင်းတွေမှာပါဝင်ပြီးတွန်းလှန်ခဲ့တယ်၊စစ်သူပုန်‌တွေကသူတို့ဆီမှာလူ့အခွင့်အရေး တရားဥပဒေဆိုတာမရှိတော့ဘဲသတ်ဖြတ်ဖြိူခွင်းတဲ့အခါကျွန်တော်နိုင်ငံရေးလမ်းစဉ်အရလက်နက်ကိုင်တော်လှန်ရေးဘက်ပါဝင်ဆောင်ရွက်ခဲ့တယ်၊ အခုတော့ရောက်ရှိသင့်သလောက်ရောက်ရှိနေပါတယ်။

မေး။ ။ဒီလိုတွေ‌‌ကြောင့်ဆရာ့ကို့ ၅၀၅(က)အမှုတပ်ထားတော့ပုဒ်မတပ်ခံရတာနဲ့ပက်သတ်ပြီးဘာများပြောချင်ပါသလဲ၊နောက်ပြီးဆရာကလဲတော်လှန်ရေးတောက်လျှောက်လုပ်နေတော့စစ်ကောင်စီဘက်ကဘယ်လိုခြိမ်းခြောက်မှုလုပ်တာတွေရှိသလဲ။

ဖြေ။ ။သူတို့တွေကသာပုဒ်မတပ်တာ တကယ်တန်းနိုင်ငံတော်ပုန်ကန်တယ်ဆိုတဲ့ကိစ္စတွေမှာရှင်းရှင်းပြောရရင်သူတို့ကတရားဝင်နိုင်ငံတော်အစိုးရမှမဟုတ်တာ၊တရားစီရင်ရေးမှာလက်နက်အားကိုးခြိမ်းခြောက်ပြီးသူတို့လုပ်ချင်တာလုပ်တာဥပဒေနည်းဆိုင်ရာတွေအုပ်ချုပ်ရေးဆိုင်ရာတွေကိုလက်နက်အသုံးချအကြမ်းဖက်လုပ်နေတာအဲ့ဒီလိုလူတွေကပုဒ်မတပ်တာဆိုတော့ဒီပုဒ်မတပ်ခြင်းကိုခေါင်းထဲလဲမရှိဘူး၊အရာလဲမသွင်းဘူးဥပဒေနဲ့မညီဘဲလူသတ်ကောင်စီကပုဒ်မတပ်တာဖြစ်တဲ့အတွက် ခေါင်းထဲထည့်စရာ အကြောင်းမရှိဘူး၊ခြိမ်းခြောက်မှုတွေကအများကြီးရှိတယ်၊တခါကျွန်တော့်အမေကိုသူတို့ဖမ်းဆီးတဲ့ပုံစံမျိူး‌တွေလုပ်ခဲ့တယ်ပြန်လွတ်လာပါတယ်၊ကျွန်တော့်အမေလဲ CDM လုပ်နေတဲ့သူပဲ၊ အခုတော့ကျွန်တော်တို့မိသားစုအလိုက် အိမ်မှာမနေဘဲရွှေ့ပြောင်းပြီးနေနေတယ်၊‌နောက်ပြီးကျွန်တော်နဲ့ပက်သတ်တာတစ်ခုချင်းစီကိုသူတို့ဘက်ကဒလန်တွေလိုလူတွေရဲတပ်ဖွဲ့လက်ပါးစေတွေကစာရေးတယ်"မင်းလိုကောင်မျိူးမိရဲမိကြည့်နောက်နေ့မင်းရဲ့အလောင်းကောက်တာဖြစ်စေရမယ်" အဲ့ဒီလိုတွေပေါ့၊ ကျွန်တော်တို့က CDM လုပ်ပြီးသူတို့ခြိမ်းခြောက်တာခံမယ်လူတော့မဟုတ်ဘူး၊ ပြည်သူတွေအတွက်သမိုင်းကြွေးပြန်ဆပ်မယ့်လူဖြစ်တဲ့အတွက်ခြိမ်းခြောက်လဲကြောက်မယ့်အထဲမပါပါဘူး။

မေး။ ။နောက်ပြီးဆရာအနေနဲ့ CDM လုပ်နေရင်း CDM တရားရေးဝန်ထမ်း‌တွေပါဝင်တဲ့အဖွဲ့ ဖွဲ့ထားတယ်လို့ကြားတယ်အဲ့ဒီအဖွဲ့ရဲ့လှုပ်ရှားမှုရယ်၊ဘယ်လိုဆောင်ရွက်မှုတွေလုပ်နေသလဲဆိုတာပြောပြပေးပါဦးရှင့်။

 ဖြေ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာတရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့မနေ့ကစဖွဲ့တယ်၊ မြေပေါ်တော်လှန်ရေးလုပ်တဲ့သူတွေပါပူးပေါင်းဆောင်ရွက်လို့ရအောင်လုပ်ဖို့ရည်ရွယ်တာကြာပြီအခုမှစလုပ်ဖြစ်တာပါ ၊CDM လုပ်တာချင်းအတူတူ တရားရေးဝန်ထမ်းတွေကနည်းတယ်၊ အဲ့ဒီအတွက် NUG နဲ့ပက်သတ်တဲ့တရားရေးကိစ္စရပ်တွေကို ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် နဲ့ပြည်သူဘက်ကရပ်တည်ဖို့ CDM လုပ်ထားတဲ့တရားရေးဝန်ထမ်းတွေနဲ့တရားသူကြီးတွေအကုန်လုံးကိုစုပေါင်းပြီးတော့စစ်သူပုန်ကိုတော်လှန်တဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဖွဲ့စည်းလိုက်တာပါ CRPH NUG တို့နေပြီးတော့ သူတို့မှာတရားရေးကိစ္စရပ်တွေရှိတယ်ဆိုရင်ကျွန်တော်တို့တက်ကျွမ်းတဲ့ပညာရပ်တွေနဲ့ကျွန်တော်တို့ပါဝင်ပြီးအားဖြည့်ပေးမယ်၊ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတွေနဲ့အားဖြည့်ပေးသွားမယ်၊ CDM ဝင်နေတဲ့တရားရေးဝန်ထမ်းတွေအားလုံးကိုကြားထဲမှာအထောက်အပံတွေရအောင်စီစဉ်ဆောင်ရွက်ပေးမယ် တရားစီရင်ရေး မဏ္ဍိုင်ပြဖို့ ပါဝင်တဲ့သူတွေက ၇၀ ပါဝင်ပါတယ်။

မေး။ ။အာဏာသိမ်းစစ်ကောင်စီဘက်ကနေပြီးလိုက်ပါဆောင်ရွက်နေတဲ့တရားရေးဝန်ထမ်းတွေကိုရော CDM မလုပ်တဲ့တရားရေးဝန်ထမ်းတွေကိုရောဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။တကယ်တန်း CDM လုပ်တဲ့ကိစ္စကလွယ်တာတော့မဟုတ်ဘူး တရားရေးမှာဘယ်ခေတ်အဆက်ဆက်ကမှပြည်သူတွေကအကောင်းပြောမခံရပါဘူး၊ကျွန်တော်တို့တရားရေးမှာလုပ်ခဲ့တဲ့ကာလမှာလဲဘယ်လောက်ပဲအကောင်းဆုံးလုပ်ခဲ့လုပ်ခဲ့ပြည်သူတွေကအကောင်းမပြောခဲ့ဘူး၊သူတို့အနေနဲ့အဲ့ဒီအချက်တွေကြည့်ကောင်းကြည့်လိမ့်မယ် ဒါပေမယ့်ဒါကနိုင်ငံရေးမဟုတ်ဘူးနိုင်ငံ့အရေးဖြစ်သွားပြီကိုယ်လုပ်နေတဲ့အလုပ်ကတရားဥပဒေအလုပ်ကိုလုပ်နေတာဖြစ်တယ်ရှင်းရှင်းပြောရရင်ဓမ္မနဲ့အဓမ္မကိုတွဲပြီးလုပ်နေရတဲ့အလုပ် ဒါကိုဘာကြောင့်မမြင်ရတာလဲ၊ အဓိကက စစ်သူပုန်ကိုထောက်ခံတာထက်သူတို့လက်ရှိရထားတဲ့ရာထူးအပေါ်မှာရနေတဲ့အခွင့်အရေး တဘို့ထဲကြည့်နေတဲ့သူတွေပဲ Non CDM လုပ်နေတဲ့သူတွေက ဘာလို့လဲဆိုတော့ CDM လုပ်နေတယ်ဆိုတာနဲ့အရာအားလုံးစွန့်လွှတ်ရတော့မှာ ၊ ဘွဲ့ရပြီးတာနဲ့ကျွန်တော်ဒီစာမေးပွဲဖြေတယ် မြို့နယ်တရားသူကြီးအဆင့်အောင်ပြီးရာထူးတိုးပြီးပြီကျွန်တော့်လိုအသက်ငယ်ငယ်နဲ့အဲ့ဒီရာထူးကဘဝနဲ့ရင်းပြီးရထားတဲ့ရာထူးဖြစ်တဲ့အတွက်စွန့်လွှတ်ဖို့တော့ခက်တယ်၊ဒါပေမယ့်ပြည်သူကို ပေးဆပ်ရမယ့်ဆိုတဲ့အတွေးနဲ့စွန့်လွှင့်သင့်ရင်စွန့်လွှတ်ရမယ်၊ Non CDM မလုပ်တာအခက်အခဲရှိတယ်ဆိုရင်ကျွန်တော်တို့လဲအခက်အခဲရှိတာပဲလေ၊တချို့ကိုယ်ဝန်ဆောင်တရားသူကြီးတွေလဲရှိသလိုကျောင်းဆရာဆရာမတွေထဲမှာလဲကလေးမွေးပြီးခါစ CDM လုပ်တဲ့သူတွေသူ့နေရာနဲ့သူ အခက်အခဲရှိပေမယ့်CDMလုပ်တဲ့သူတွေအများကြီးရှိပါတယ် ၊တချို့တရားရေးဝန်ထမ်းတွေလူပျိူလူလွတ်တွေစီးပွားရေးအခြေအနေကောင်းပြီး‌ငွေကြေးအဆင်ပြေတဲ့သူတွေရှိတယ်သူတို့ကပြည်သူဘက်ကိုတချက်လေးတောင်မှငဲ့ညာမကြည့်တဲ့တဘို့ထဲသမားကိုယ်ကျိူးသမားတွေလို့ကျွန်တော်ကတော့ယူဆတယ်။

မေး။ ။ အာဏာသိမ်းစစ်ကောင်စီကအာဏာသိမ်းပြီးတလျှောက်လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ကဘယ်လိုကမောက်ကမတွေဖြစ်နေပြီးယိုယွင်းတာတွေကိုတွေ့ရလဲဆိုတာသုံးသပ်ပေးပါဦး။

‌ဖြေ။ ။တကယ်တန်းတရားစီရင်ရေးမဏ္ဍိုင်ဆိုတာပြည်သူအချင်းချင်းပြဿနာဖြစ်တာတွေကိုဖြေရှင်းရတယ်၊ပြည်သူနဲ့အစိုးရပြဿနာဖြစ်တာတွေကိုဖြေရှင်းရတယ်၊ အခုကဘယ်လိုဖြစ်နေလဲဆိုတော့ဒီတရားစီရင်ရေးမဏ္ဍိုင်လို့ပြောလို့တောင်မရတော့ဘူးစစ်သူပုန်ရဲ့လက်ပါးစေအဖွဲ့အစည်းလို့ပဲမြင်ရတော့မယ်၊လက်ရှိမှာတရားသူကြီးတွေကိုကျန်တာမကြည့်နဲ့ဥပဒေနဲ့အညီအာမခံပေးလို့ရတဲ့ကိစ္စတွေ ၄၉၇/၄၉၆ အရပေးလို့ရတာတွေရှိတယ်အဲ့ဒီအရာတွေမှာသူတို့အနေနဲ့အာမခံပေးလို့ရတဲ့ကိစ္စတွေမှာအာမခံမပေးတော့ဘူးတရားရုံးဆိုတာကအရုပ်ကြီးလိုဖြစ်နေတာ၊အမှုလိုက်နေတဲ့ပညာရှိရှေ့နေကြီးတွေအကုန်သိတယ်အဲ့ဒီမှာလက်နက်ကိုက်စစ်သူပုန်အလိုကျလိုက်လုပ်နေရတဲ့တရားသူကြီးတွေဖြစ်နေတော့ဒါကြီးကိုတရားစီရင်ရေးလို့လုံးဝကိုခေါင်းစဉ်တပ်လို့ကိုမရတော့ဘူး၊ကမောက်ကမဆိုတာထက်ဒယိမ်းဒရိုင်ပြားပြားဝပ်နေတဲ့သူပုန်ကနေလက်ကိုင်တုတ်အဖြစ်အသုံးပြုထားတဲ့စစ်သူပုန်လက်ပါးစေအဖွဲ့လို့ပဲမြင်တယ်။

မေး။ ။နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေကိုဘာများမှတ်ချက်ပေးချင်ပြီးထောက်ပြချင်ပါသလဲရှင့်။

ဖြေ။ ။ကျွန်တော်ဟိုနေ့ကလဲပို့စ်တစ်ခုတင်ထားတယ်တချို့တရားသူကြီးတွေကအဲ့ဒါကိုမကြိုက်တာတွေရှိတယ်၊ကျွန်တော်အနေနဲ့ဒီကိစ္စကိုပြောရရင်ကျွန်တော့်ကိုအမှုလိုက်ပါဆောင်ရွက်ဖို့ပြောရင်တောင်မလိုလားချင်ဘူးဘာလို့လဲဆိုတော့စစ်သူပုန်အဖွဲ့အစည်းကနေပြီးသူတို့ရဲ့တရားစီရင်ရေးယန္တရားခိုင်မာပါတယ်ဆိုတာကိုပြချင်လို့တရားရုံးမှာတရားစီရင်ရေးကိုဖော်ဆောင်နေတာပေါ့၊သူတို့ကိုကျွန်တော်တို့ကအကြမ်းဖက်စစ်သူပုန်တွေလို့သတ်မှတ်ပြီးသွားပြီသူပုန်တွေကဖမ်းဆီးထားတာကိုမျှတသောတရားစီရင်ရေးရပါလိမ့်မည်ဆိုပြီးတောင်းခံနေစရာမလိုဘူးသွားပြီးအမှုလိုက်ပါဆောင်ရွက်နေတာကိုကစစ်သူပုန်ရဲ့တရားစီရင်ရေးလမ်းကြောင်းလည်ပတ်နေပါတယ်ဆိုပြီးအထောက်အခံပေးနေသလိုဖြစ်နေလိမ့်မယ်ကျွန်တော့်အယူအဆပေါ့၊တချို့ကလဲဘယ်လိုပြောလဲဆိုတော့ စစ်သူပုန်ရဲ့တရားစီရင်ရေးကိုမျှတတာကိုရမယ်လို့မျှော်လင့်ပြီးထောက်ခံလို့လုပ်တာမဟုတ်ဘဲဖမ်းဆီးခံရတဲ့သူတွေနဲ့သူတို့ရဲ့ပြင်ပမိသားစုရဲ့ကြားထဲအထောက်အပံ့တစ်ခုဖြစ်အောင်အဲ့လိုသဘောအတိုင်းလုပ်တာလို့ပြောတဲ့သူတွေလဲရှိပါတယ်ဒါလဲမှန်ပါတယ်၊ဒါပေမယ့်ကျွန်တော်တို့ကသူတို့ကိုစစ်သူပုန်လို့သတ်မှတ်ထားတဲ့အတွက်သူတို့လက်အောက်တရားစီရင်ရေးယန္တရားကိုသက်သေခံစရာအကြောင်းမရှိပါဘူး၊အခြေအနေအရမ်းကွာတယ်လူထုတော်လှန်ရေးကနေအခုလက်နက်ကိုင်တော်လှန်ရေးဘက်ကိုတဆင့်ပြောင်းလာတဲ့အတွက် သူတို့တရားစီရင်ရေးမှာမလုပ်သင့်တော့ဘူးလို့သုံးသပ်ယူဆပါတယ် ဒါပေမယ့်အမြင်ကွဲလွဲတာတွေရှိတာပေါ့။

မေး။ ။လက်ရှိ CDM လုပ်ထားတဲ့တရားသူကြီးအရေအတွက်တစ်နိုင်ငံလုံးအတိုင်းအတာအရဘယ်နှစ်ဦးရှိတယ်ဆိုတာခန့်မှန်းသိရသလဲရှင့်။

ဖြေ။ ။အစကတော်တော်များများလုပ်ပေမယ့်ပြန်ဝင်သွားတာတွေလဲရှိတယ် အကြောင်းအမျိူးမျိူးကြောင့် Non CDM လုပ်တဲ့တရားသူကြီးတွေလဲရှိတော့ အခုဆိုရင် ၃၀ ယောက်လောက်ပဲရှိမယ်လို့ခန့်မှန်းရတယ်၊ကျန်တဲ့သူလဲကျန်မှာပေါ့ကျွန်တော်တို့ဆက်သွယ်ထားတဲ့အရေအတွက်ကတော့ခန့်မှန်းအနေနဲ့ပါ။

မေး။ ။ဆရာအနေနဲ့လက်ရှိတော်လှန်ရေးကာလမှာတော်လှန်တိုက်ပွဲဝင်နေတဲ့သူတွေကိုရော CDM လုပ်ထားတဲ့အမှုထမ်းဝန်ထမ်းတွေကိုရောဘာများအကြံပြုချင်ပါသလဲရှင့်။

ဖြေ။ ။အကြံပြုချင်တာက CDM သမားတွေအကုန်လုံးလောလောဆယ်အနေအထားမှာဘဝအနေအထားခက်ခဲတာရှိတယ် ဒါပေမယ့်ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်နဲ့ကိုက်ညီတဲ့အလုပ်တွေနဲ့ NUG အစိုးရကိုထောက်ပံံ့ပြီးလုပ်ပေးနိုင်ရင်ပိုကောင်းမယ်လို့ထင်တယ်၊ ဘယ်လိုမျိုးလဲဆိုရင်မြေအောက်တော်လှန်ရေးပိုင်းကိုသွားတဲ့သူတွေကလဲသွားပေါ့အဲ့ဒီလိုမဟုတ်ဘဲမြေပေါ်မှာပဲနေပြီး CDM လုပ်ပြီးတော်လှန်နေတဲ့ဝန်ထမ်းတွေအနေနဲ့ ဥပမာပညာရေးဆိုင်ရာနယ်ပယ်ဆိုလဲအဝေးသင်အွန်လိုင်းကနေတဆင့်ကလေးတွေကိုသင်ကြားပေးဖို့ဒါတွေလုပ်သင့်တယ်၊NUG ကသက်မှတ်မှလုပ်ရမယ်ဆိုတာမျိုးခေါင်းထဲမထားပါနဲ့တော်လှန်ရေးမှာကိုယ့်နိုင်ရာနိုင်ရာလုပ်လို့ရတယ်၊ တော်လှန်ရေးတစ်ရပ်အနေနဲ့ပါဝင်ဆောင်ရွက်ဖို့ NUG နဲ့ချိတ်ဆက်ပါ ၊ ၈၈ ကနဲ့တူဘဲ ၂၁ မှာမတူညီတဲ့မြေအောက်တော်လှန်ရေးကွာခြားချက်တွေအများကြီးရှိပါတယ်အဲ့ဒါတွေတော့ကျွန်တော်မပြောတော့ပါဘူးပြောလိုက်ရင်ရန်သူအတွက်ဒါတွေကလိုက်ဖြည့်စရာအပေါက်တွေဖြစ်သွားလိမ့်မယ်၊ဒါ့ကြောင့်ကျွန်တော်တို့တော်လှန်ရေးကအောင်ကိုအောင်မှာပါ။

မေး။ ။ဟုတ်ကဲ့ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly