ပဲခူး အထက (၆) ရှေ့ ဗုံးပေါက်ကွဲမှု PDFအဖွဲ့ လုပ်ဆောင်ခြင်းမဟုတ်ဟုဆို

ပဲခူး အထက (၆) ရှေ့ ဗုံးပေါက်ကွဲမှု PDFအဖွဲ့ လုပ်ဆောင်ခြင်းမဟုတ်ဟုဆို

ဇွန် ၂

ပဲခူးမြို့ နန်းတော်ရာရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၆) အပြင်ဘက်တွင် ဗုဒ္ဓဟူးနေ့နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ လုပ်ဆောင်မှုမဟုတ်ကြောင်း ကြေညာလိုက်သည်။

"ဒီလို အများပြည်သူထိခိုက်နိုင်တဲ့နေရာတွေကို PDF ကမလုပ်ဘူးဗျ ကျောင်းတွေ လူအများထိခိုက်နိုင်တဲ့နေရာကိုတော့ မလုပ်ဘူ။း ကျနော်တို့လုပ်ရင် စစ်ခွေးကိုထိခိုက်အောင်လုပ်မှာပေါ့။ အခုက စစ်ခွေးလက်အောက်ခံ ပျူစောထီးတွေလုပ်တာပါ။ ပဲခူးမှာရှိတဲ့ အဖွဲ့တွေကိုမေးပြီးပြီး သူတို့လက်ချက်မဟုတ်ဘူးဗျ"ဟု PDF ဦးဆောင်သူတစ်ဦးက ပြောသည်။

နေ့လယ် ၁၁နာရီခွဲအချိန်က ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါ။

သို့သော် ထန်းတပင် (၁) လမ်းရှိ ဖုန်းအရောင်းဆိုင်မှအမျိုးသားဝန်ထမ်း သုံးဦးဖမ်းဆီးခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly