ပထမဆုံးအကြိမ်အဖြစ် ကေအိုင်အေက ပူတာအိုလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်

ပထမဆုံးအကြိမ်အဖြစ် ကေအိုင်အေက ပူတာအိုလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်

ဇွန် ၁

ပထမဆုံးအကြိမ်အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပူတာအိုလေဆိပ်ကို ဒီကနေ့မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

ပူတာအိုမြို့မှာက အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ကေအိုင်အေတပ်များအကြား ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ၊  အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လွှမ်းမိုးမှုရှိနေခဲ့တဲ့ ဒေသဘဲဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ တပ်မဟာ ၁ လက်အောက်ခံ KIA တပ်ရင်း ၇ မှ အခုလို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကေအိုင်အေ သတင်းနှင့် ပြန်ကြားရေးဌာနကသိရပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် လေဆိပ်က ရုံးအဆောက်အအုံ တစ်ခု ထိခိုက်သွားတယ်လို့ကြားရပေမယ့်၊ လူအထိခိုက်မှု ရှိမရှိတော့ သိရှိနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

 အခုရက်ပိုင်း ပူတာအိုမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲ​​ဖြစ်ပွားနေတာဘဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly