ဗန်းမော်မြို့မှာ NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ၁ ဦးအဖမ်းခံရ

ဗန်းမော်မြို့မှာ NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ၁ ဦးအဖမ်းခံရ

ဇွန် ၁ 

ဗန်းမော်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်အလုပ်အဆောင်အဖွဲ့ဝင်တစ်ဦးကို ရဲများက ၎င်းရဲ့​နေအိမ်ကနေ လာရောက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းခေါ်သွားခံရတဲ့သူက ကိုဟိန်းဝင်းလတ်ဖြစ်ပြီး မေလ ၃၁ ရက်နေ့ ည ၇ နာရီအချိန်​ကျော်လောက်က ဗန်းမော်မြို့ရှိ ညောင်ပင်ရပ်နေအိမ်တွင်ရှိနေစဉ် ရဲများက လာရောက်ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အဖမ်းခံရတဲ့ ဗန်းမော်မြို့နယ်အလုပ်မှုဆောင်အဖွဲ့ဝင် ကိုဟိန်းဝင်းလက်ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားတာကို သိရှိခြင်းမရှိသေးဘူးလို့ နီးစပ်သူများက ဆိုပါတယ်။

ဒါ့အပြင် မိသားစုနဲ့နီးစပ်သူများနဲ့၊ ပါတီအဖွဲ့ဝင်များက ကိုဟိန်းဝင်းလက်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly