ဒီးမောဆိုမြို့၊ ကုန်းသာတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းသေဆုံး

ဒီးမောဆိုမြို့၊ ကုန်းသာတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၈၀ ထက်မနည်းသေဆုံး

ဇွန် ၁

မေလ ၃၁ ရက်နေ့ ဒီမောဆိုမြို့၊ ကုန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) အကြား နေ့လည် ၁ နာဝန်းကျင်ကျော်အချိန်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့်အတွက် အကြမ်းဖက် စစ်ကောင်စီတပ်ဖက်က ၈၀ ထက်မနည်းသေဆုံးသွားတယ်လို့ (KNDF)က မေလ ၃၁ ရက်နေ့ ညနေပိုင်းအချိန်မှာထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ KNDF တပ်ဖက်က လက်လုပ်သေနတ်တွေသာရှိကြောင်းယူဆကာ လူအင်အား ၁၅၀ ခန့်ဖြင့် ဒီမောဆိုမြို့၊ ကုန်းသာဖက်သို့ ချီတက်လာကာ KNDF တပ်ဖွဲ့က လူဦးရေ၊ လက်နက်အင်အား ကောင်းမွန်စွာစုစည်းနိုင်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အကျအဆုံးများခဲ့သည့်အတွက် ရဟတ်ယာဥ်၊ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်လာခဲ့ပါတယ်။

စစ်ရဟတ်ယာဥ်၊ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်လာသည့်အတွက် KNDF ဖက်က ၁ ဦးကျဆုံးပြီး ၆ဦးဒဏ်ရာရတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှအကြောင်းမဲ့ပစ်သတ်မှုကြောင့် ကရင်နီပြည်မှာ ကျဆုံးသူ စုစုပေါင်း ၃၁ ဦးအထိရှိသွားပြီးဖြစ်တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required