CDM မှာမပါဝင်တဲ့ ဝန်ထမ်းအနည်းငယ်နဲ့ ပုသိမ်-ဟင်္သာတ မီးရထား ပြန်လည်ပြေးဆွဲနေ

CDM မှာမပါဝင်တဲ့ ဝန်ထမ်းအနည်းငယ်နဲ့ ပုသိမ်-ဟင်္သာတ မီးရထား ပြန်လည်ပြေးဆွဲနေ

မေ ၃၁

ပုသိမ်ဘူတာနဲ့ ဟင်္သာတဘူတာ က CDM မှာမပါဝင်တဲ့ ဝန်ထမ်းအနည်းငယ်စုပေါင်းပြီး ဒီနေ့ မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ပုသိမ်နဲ့ ဟင်္သာတကို ရထားပြန်လည်ပြေးဆွဲနေတယ်လို့သိရပါတယ်။

ပုသိမ် နဲ့ ဟင်္သာတ မှာရှိတဲ့ မီးရထားဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ မီးရထားမောင်းနှင်သူ သုံးယောက်အပါအဝင် ရထားပြန်လည်ပြေးဆွဲဖို့အတွက် အဓိကလိုအပ်သူ ဆယ်ယောက်လောက်သာရှိတယ်လို့လည်းနီးစပ်သူတွေကပြောပါတယ်။
မေလ ၃၁ ရက်နေ့မနက်ပိုင်း ပုသိမ်ဘူတာက ဟင်္သာတဘူတာကိုပြေးဆွဲတဲ့ မီးရထားခရီးစဉ်မှာတော့ ပုသိမ်ဘူတာက စတင်ထွက်ခွာစဉ်ခရီးသည် လေးဦးလောက်သာရှိခဲ့တယ်လို့ ပုသိမ်မြို့ ဘူတာအရပ်မှာနေထိုင်သူတွေကပြောပါတယ်။

ပုသိမ်-ဟင်္သာတ ပြေးဆွဲနေတဲ့မီးရထားဟာ ဝန်ထမ်းအင်းအားလောက်ငှမှုမရှိတာကြောင့် တစ်နေ့ကိုတစ်ကြောင်းနှုန်းသာ ပြေးဆွဲနေတယ်လို့သိရပြီးမီးရထား CDM ဝန်ထမ်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေကဖယ်ရှားခံခဲ့ရတာကြောင့် ဇာတိမြို့တွေကိုပြန်ပြီး မိသားစုအတွက်ရုန်းကန်နေရတယ်လို့ CDM ဝန်ထမ်းတဦးရဲ့ပြောကြားချက်အရသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly