စစ်တပ် တပ်စွဲထားတဲ့ ပုသိမ်မြို့ ကုသိနာရုံဘုရားဝန်းအတွင်းဗုံးပေါက်

စစ်တပ် တပ်စွဲထားတဲ့ ပုသိမ်မြို့ ကုသိနာရုံဘုရားဝန်းအတွင်းဗုံးပေါက်

မေ ၃၁

ပုသိမ်မြို့မှာ စစ်အုပ်စုက လက်နှက်အင်အားတွေနဲ့ တပ်စွဲထားတာ ကုသိနာရုံဘုရားဝန်းအတွင်း ဒီနေ့ မေလ၃၁ ရက်နေ့ မနက်၅နာရီ ကျော် လောက်ကဗုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ကုသိနာရုံဘုရားဝန်းအတွင်းမှာ စစ်သား အင်အား ၅၀ ကျော်လောက်နဲ့တပ်စွဲထားတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

" မနက် ၅နာရီလောက် ပေါက်တာဆိုတော့ အသံတော်တော်ကျယ်တယ်၊ အဲ့ဒီအချိန်ကြီးလဲဖြစ်တယ် ဟိုကောင်တွေတပ်စွဲထားတဲ့နေရာလဲ ဖြစ်တော့ဘယ်သူမှသွားမကြည့်ရဲဘူး"လို့ဒေသခံကဆက်လက်ပြောပါတယ်။

စစ်အုပ်စုက မတရားအာဏာသိမ်းယူမှုကြောင့် ပုသိမ် ပြည်သူအများအပြားက ဆန့်ကျင်ဆန္ဒပြနေတဲ့ကာလမှာ ပုသိမ်မြို့ပေါ်က ဘုရားဝန်းတွေနဲ့ကျောင်းတွေထဲမှာ စစ်တပ်ကတပ်စွဲထားခဲ့ကြပြီးနောက်ပိုင်း ပုသိမ်မြို့မှာ 
ဗုံးပေါက်ကွဲမှု ၅ ကြိမ်အထိရှိလာပြီလို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly