ညောင်တုန်းမြို့တွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်

ညောင်တုန်းမြို့တွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်

မေ ၃၁

ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် မေလ ၃၀ရက်နေ့ ည၇နာရီ ၂၀မိနစ်ခန့်က နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။

ညောင်တုန်းမြို့ ၂၃လမ်း ကမ်းနားလမ်းတာအနီးမှာ တစ်ကြိမ်နဲ့ အာဇာနည်ကျောက်တိုင်အနီးမှာ တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့တာပါ။

“အာဇာနည်ကျောက်တိုင်နဲ့ လယ်ထွန်စက်တွေထားတဲ့ဝန်းနားမှာပေါက်တာက လူထိတယ်မကြားဘူး၊ ၂၃လမ်းတာကတော့ လူထိသွားတယ်ပြောတယ် ဒီအချိန်ကျတော့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး အခုတော့ စစ်သားတွေရော ရဲတွေရော အိမ်ရှေ့ကနေ ဖြတ်သွားနေကြတာ တွေ့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့ညမှာ ဧရာဝတီတိုင်းအတွင်း မြောင်းမြမြို့မှာလဲ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly