စစ်ကောင်စီတပ် ယာဉ်တန်းကို KNU ကြားဖြတ် ဝင်ရောက်တိုက်ခိုက်

စစ်ကောင်စီတပ် ယာဉ်တန်းကို KNU ကြားဖြတ် ဝင်ရောက်တိုက်ခိုက်

မဇ္ဈိမ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ရိက္ခာနဲ့ ဆေးဝါးအမျိုးမျိုးတင်ဆောင်လာတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် ယာဉ်တန်းကို KNU တပ်ဖွဲ့ဝင်တွေက မေလ ၂၉ ရက်နေ့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကား နှစ်စီးမီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားလေးယောက် သေဆုံးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

ဖာပွန်ကို ရိက္ခာနဲ့ ဆေးဝါးအမျိုးမျိုးတင်ပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း စစ်ကား ဆယ့်တစ်စီးကို ကူးဆိပ် နှင့် မထောကြားမှာ KUN က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပထမတစ်ကြိမ်ပစ်ခတ်မှုဟာ မနက် ၇ နာရီ ၂၅ မိနစ်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုတိယတစ်ကြိမ် ပစ်ခတ်မှုဟာ နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲအတွင်း KNU ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်စခန်းတွေနဲ့ စစ်ကောင်စီ ယာဉ်တန်းကို KNU က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ပြီး KNU ထိန်းချုပ်နယ်မြေအတွင်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required