ပူတာအိုဒေသဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ပူတာအိုဒေသဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

မေ ၂၉

ပူတာအိုဒေသဘက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ပူတာအိုမြို့နယ် လုံရှာယန်နဲ့ တန်ဂျာကျေးရွာကြားမှာ ဒီကနေ့ညနေ ၃နာရီခွဲအချိန်လောက်ကတည်းက အာဏသိမ်းစစ်ကောင်စီရဲ့တပ်တွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။

ဒီမနက် ၈ နာရီကျော်ကတည်းက ပူတာအိုကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ကာနှစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က လုံရှာယန်နဲ့ ဖက်မာကျေးရွာကြားမှာ တိုက်ခိုက်ပြီးနောက်ပိုင်း အခုလိုတိုက်ပွဲတွေ ပြင်းထန်နေတာဘဲ ဖြစ်ပါတယ်။

မြစ်ကြီးနားလေတပ်ဌာနချုပ်က ဒီကနေ့ညနေ လေးနာရီဝန်ကျင်ကလည်း တိုက်လေယာဉ်နှစ်စင်းက ပူတာအိုဒေသဘက်သို့ တက်သွားတယ်လို့ မြစ်ကြီးနားလေတပ်ဌာနချုပ်ဘေးနေထိုင်သူများက ဆိုကြပါတယ်။

မေ ၂၈ ရက်နေ့ကလည်း ပူတာအိုဒေသမှာအခြေစိုက်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်ခုတည်းသော စစ်ကောင်စီတပ်ရင်း (၄၆)ကို ကေအိုင်အေမှ အမြောက်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly