အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့ထဲသို့အဝင်ပိတ်

အကြမ်းဖက်စစ်ကောင်စီမှ လွိုင်ကော်မြို့ထဲသို့အဝင်ပိတ်
ဓာတ်ပုံ- CJ

မေ ၂၉

 အကြမ်းဖက်စစ်ကောင်စီမှ ကယားပြည်နယ်ရှိလွိုင်ကော်မြို့ထဲသို့ ယနေ့ (မေလ ၂၉ ရက်) နံနက်ပိုင်းကစ၍အ၀င်ပိတ်လိုက်ပြီဖြစ်ကြောင်း အဆိုပါဒေသတွင်စစ်ဘေးရှောင်ပြည်သူများအားကူညီသူတစ်ဦးကပြောသည်။

"လွိုင်ကော်မြို့ထဲအ၀င်အထွက်ကိုအရင်တိုက်ပွဲဖြစ်တဲ့ရက်ထဲကစစ်ဆေးမေးမြန်းတာတွေလုပ်ပြီးပေးမ၀င်ဘူး၊ဒါပေမယ့်လုံး၀ပိတ်တာတရား၀င်လိုသဘောမျိူးကဒီနေ့မနက်ပါရှင့် နောက်ပြီးကယားပြည်နယ်ထဲကမြို့တစ်မြို့နဲ့တစ်မြို့အ၀င်အထွက်တွေကိုလဲပိတ်ထားပါတယ်"ဟု၎င်းကမဇ္ဈိမကိုပြောသည်။

 ထို့အပြင်အောင်ပန်း၊တီကျစ်၊နောင်တရား၊စောင်ကမ်းစသောအ၀င်လမ်းများအားပိတ်ထားကြောင်းဒေသခံအချို့ထံမှသိရသည်။

 ပြီးခဲ့သည့်ရက်ပိုင်းကတည်းကကယားပြည်နယ်အတွင်းရိက္ခာဖြတ်မည်ဆိုသည့်ကောလဟလာများထွက်ပေါ်နေသည့်အပေါ်တရား၀င်စာမရှိသော်လည်းအကြမ်းဖက်စစ်ကောင်စီဘက်မှရိက္ခာပို့သည့်ယာဉ်များအားလာရာလမ်းအတိုင်းပြန်လှည့်ခိုင်းကြောင်းစစ်ဘေးရှောင်များအားကူညီသည့်ဒေသခံတစ်ဦးကပြောသည်။

 "တီကျစ်မှာလဲဆန်တင်ယာဉ်တွေဖြတ်မရအောင်လှည့်ပြန်ခိုင်းတယ်၊ပြည်နယ်ထဲရိက္ခာဖြတ်မယ်လို့ rumors တွေထွက်နေတယ်၊အဲ့သတင်းကြားတာနဲ့စစ်ကောင်စီဘက်ကဆန်တင်ယာဉ်တွေရိက္ခာပို့တာတွေပြန်လှည့်ခိုင်းတာ"ဟု၎င်းကပြောသည်။

   လတ်တလောတွင်စစ်ဘေးရှောင်ပြည်သူများအားကူညီမည့်ကယ်ဆယ်ရေးသမား (၂) ဦးအားစစ်ကောင်စီပြီးခဲ့သည့်ရက်ကပစ်သတ်ခဲ့၍ (၆)ဦးအားဖမ်းဆီးထားကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီမှအကြမ်းဖက်မှုများကြောင့် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူဦးရေမှာ ပျှမ်းမျှ ၅၀၀၀၀ ကျော်ရှိရာ စစ်ဘေးရှောင်ပြည်သူအများစုမှာ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်း၊ကလေးငယ်များအော့အန်ခြင်း၊ ဆေးကုသပေးမည့်ကျန်းမာ၀န်ထမ်းပမာဏမလုံလောက်သည့်ဒုက္ခများကြုံတွေ့နေရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly