ဥပဒေတွေက အားမကိုးရတာကြောင့် ပါတီဝင်တွေအားနဲ့ တုံ့ပြန်ဖို့ ပါတီတွင်းလမ်းညွှန်ချက်ပေးထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်

ဥပဒေတွေက အားမကိုးရတာကြောင့် ပါတီဝင်တွေအားနဲ့ တုံ့ပြန်ဖို့ ပါတီတွင်းလမ်းညွှန်ချက်ပေးထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီ သတင်းထုတ်ပြန်

မေ ၂၈

ဥပဒေတွေကို အားမကိုးရတာကြောင့် တစ်ဦးချင်း ခုခံကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပါတီဝင်စုစည်းတုံ့ပြန်ရန်အတွက် ပါတီတွင်း လမ်းညွှန်ချက်တွေ ချထားပေးပြီးသားဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက မေလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘီလင်းမြို့နယ်ပါတီဥက္ကဌ အသတ်ခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး နှီးနွယ်ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲအနိုင်ရရှိမှုကိုလဲ မဲမသာမှုလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေသံတွေအတိုင်း သုံးနှုန်းဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကို ပြည်သူအမြင်မှားစေမဲ့ ထည့်သွင်းဖော်ပြချက်တွေနဲ့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဥပဒေတွေအရ အားမကိုးရတာကြောင့် ခုခံကာကွယ်မယ်လို့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေနဲ့ ပက်သက်တဲ့ အရေးအသားတချို့ကိုတောင်မှ ထည့်သွင်းမရေးသားထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဘာသာရေးအကြောင်းပြအစွန်းရောက်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ စုပေါင်းပြီး စွမ်းအားရှင်အဖွဲ့ကဲ့သို့ ပျူစောထီးအဖွဲ့ဆိုတာမျိုးတွေကို အာဏာသိမ်းပြီးချိန်က စတင်ပြီး ဖွဲ့စည်းနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly