အမြတ်ကြီးစား  Wave Money ကိုယ်စားလှယ်ဆိုင်တွေ ဘယ်လို ထိန်းသိမ်းကြမလဲ

အမြတ်ကြီးစား  Wave Money ကိုယ်စားလှယ်ဆိုင်တွေ ဘယ်လို ထိန်းသိမ်းကြမလဲ

မေ ၂၈

ဘဏ်စနစ် ယိမ်းယိုင်သွားခြင်းဟာ တိုက်ရိုက် ဆိုးကျိုးခံစားရတာကတော့ အခြေခံလူထုပါပဲ။ဘဏ်တွေရဲ့ ငွေလွှဲ၊ငွေထုတ်စနစ် အခက်အခဲတွေ ဖြစ်လာတော့ Wave Moneyနဲ့ငွေထုတ် ငွေလွှဲကို အဓိကအားကိုပြီး အခြေခံလူထုက အသုံးပြုလာရတယ်။

အဲဒီလို အသုံးပြုလာရတာကို အခွင့်ကောင်းယူပြီး Wave Money ကိုယ်စားလှယ်အများစုက မညှာမတာ ခေါင်းပုံ ဖြတ်တာတွေလုပ်လာတယ်။ငွေလွှဲခ အပြင် ငွေထုတ်ခ မတန်တဆ တောင်းနေတာပါပဲ။ကျပ်ငွေ တစ်သိန်းထုတ်ရင် တစ်သောင်းတစ်ထောင် ပေးရတာဟာ အလွန်အမင်း ဂုတ်သွေးစုပ်လိုက်တာပါပဲ။

မပေးချင်လို့ မထုတ်ဘူးဆိုရင်လည်း သုံးစွဲဖို့ မရှိတော့ ထုတ်ရတာပါပဲ။အများစုက လက်လုပ် လက်စာ အရောင်းအဝယ် လုပ်နေသူတွေ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတွေဖြစ်ပါတယ်။အဝေးရောက် သားသမီးတွေက မိဘကို ပို့တဲ့ငွေ။

ဂုတ်သွေးစုပ် အမြတ်စားနေတဲ့ Wave Moneyဆိုင်အများစုဟာ လွှဲချင်လွှဲ မလွှဲချင်နေ၊ထုတ်ချင်ထုတ် မထုတ်ချင်နေ ဆိုတဲ့ သဘောနဲ့ လုပ်နေတာတွေက လူထုကို တိုက်ရိုက် အနိုင်ကျင့်နေတာပါပဲ။

အကျပ်အတည်း ကာလမှာ လူထုအတွက် သင့်တော်တဲ့ အကျိုးဆောင်ခလေးနဲ့ လူထုကို တစ်ဖက်တစ်လှမ်းက အကျိုးပြုသင့်ပါတယ်။

အခုဖြစ်နေတာက ကိုယ့်ငွေနဲ့ကိုယ် မတန်တဆ အမြတ်ပေး ထုတ်နေရသလို ဖြစ်နေပါတယ်။အမြတ်ယူလို့ရပါတယ်။တစ်သိန်းကို တစ်သောင်းကျော် ယူတာကတော့ လုံးဝ မဖြစ်သင့်ပါဘူး။

Wave Moneyတာဝန်ရှိသူတွေက ငွေလွှဲ ငွေထုတ်ခတွေ သတ်မှတ်စျေးထက် ပိုယူလျှင် တိုင်ကြားဖို့ ကြေညာထားပေမယ့် မထိရောက်ပါဘူး။ခေါင်းလောင်းကို ကောက်ရိုးနဲ့ ထိုးသလိုပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly