ထိုင်ဝမ်က နိုင်ငံခြားသား အလုပ်သမားများအပေါ် တင်းကျပ်မှုလျှော့ချ

ထိုင်ဝမ်က နိုင်ငံခြားသား အလုပ်သမားများအပေါ် တင်းကျပ်မှုလျှော့ချ

တိုင်ပေ၊ဒီဇင်ဘာ ၃ ။                ။ လာမည့်နှစ်အစပိုင်းတွင် ပြည်ပအတတ်ပညာရှင်များကို ငှားရမ်းအသုံးပြုမှု၊ ပြည်ပကျောင်းသားများနှင့် ပြည်ပအလုပ်သမားများအပေါ် တင်းကျပ်မှု   လျှော့ချမည်ဖြစ်ကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၂ တွင် ကြေညာခဲ့သည်။

ထိုင်ဝမ်တွင် အလုပ်လုပ်ရန်မလျှောက်ထားမီ လုပ်ငန်းအတွေ့အကြုံနှစ်နှစ်နှင့် တစ်လလျင်အနည်းဆုံးလုပ်ခ အမေရိကန်ဒေါ်လာ ၁,၄၆၀အပါအဝင် နိုင်ငံခြားသားအလုပ်သမားများအပေါ်   ပြဋ္ဌာန်းထားသော လိုအပ်ချက်များကို ဖယ်ရှားရန် ဝန်ကြီးချုပ်မောက်ချိကိုးက ဆုံးဖြတ်ခဲ့သည်။

ပြဋ္ဌာန်းချက်အသစ်က ထိုင်ဝမ်တွင် နောက်ထပ်ပြည်ပလုပ်သား ၆,၀၀၀မှ ၇,၀၀၀အထိ နှစ်စဉ်ထားရှိလိမ့်မည်ဟု မျှော်လင့်ရပြီး ထိုင်ဝမ်၏ လုပ်သားအင်အားနည်းပါးမှုပြသနာကို ကိုင်တွယ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ထိုင်ဝမ်၏လုပ်သားအင်အားသည် ၂၀၁၆မှစကာ ၁၈၀,၀၀၀ခန့်နှစ်စဉ် ဆုံးရှုံးနိုင်သည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ခန့်မှန်းထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုင်ဝမ်သည် ဉာဏလုပ်သား ၂၀,၀၀၀မှ ၃၀,၀၀၀အထိ ဆုံးရှုံးခဲ့သည်ဟု အလုပ်သမားဝန်ကြီးဋ္ဌာနအောက် လုပ်သားအင်အားဖွံ့ဖြိုးရေးအေဂျင်စီက ပြောသည်။

ထိုင်ဝမ်အလုပ်ရှာသူများ၏ ထိပ်တန်းနေရာမှာ တရုတ်ပြည်မကြီးဖြစ်သည်။ ထိုင်ဝမ်မှ အဆင့်မြင့် အတတ်ပညာရှင် တစ်သန်းခန့်သည် ယခုအချိန်အထိ ပြည်မကြီးတွင် လုပ်ကိုင်လျက်ရှိသည်ဟု ခန့်မှန်းထားသည်။

လက်ရှိစည်းမျည်းများအရ နိုင်ငံခြားသားအတတ်ပညာရှင်များသည် ၁၂ နှစ်ကြာပြီးနောက် ကျွန်းမှထွက်ခွာရန်လိုအပ်သည်။ သို့သော်လည်း စည်းမျဉ်းသစ်စတင်ပါက အလုပ်ရှင်များသည် ကျွမ်းကျင် လုပ်သားများအဖြစ် ကိုးနှစ်ကြာလုပ်နေသော ၎င်းတို့၏ပြည်ပလုပ်သားများကို ဆက်လက်ထားရှိရေး လျှောက်ထားနိုင်မည်ဖြစ်သည်။

စည်းမျဉ်းသစ်များအရ ကျွမ်းကျင်လုပ်သားများနှင့် ကလေးများလည်း ထိုင်ဝမ်တွင် အလုပ်လုပ်ခွင့်ရရှိမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly