ဖားကန့်မြို့တွင်လက်ရှိအချိန်ထိကျောင်းအပ်နှံမည့်သူများမရှိသေး

ဖားကန့်မြို့တွင်လက်ရှိအချိန်ထိကျောင်းအပ်နှံမည့်သူများမရှိသေး

မေ ၂၆

 ကချင်ပြည်နယ်၊ဖားကန့်မြို့တွင်လက်ရှိအချိန်ထိကျောင်းအပ်နှံမည့်သူများမရှိသေးကြောင်းအဆိုပါဒေသခံများထံမှသိရသည်။

  အကြမ်းဖက်စစ်ကောင်စီ၏စီမံမှုဖြင့်ဖွင့်လှစ်မည့်အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံသည့် မေလ ၂၄ ရက်မှစ၍ယနေ့ မေလ ၂၆ ရက်ထိ ယင်းမြို့တွင်ကျောင်းအပ်မည့်ကျောင်းသားများမရှိသေးကြောင်းသိရသည်။

"ကျွန်တော်တို့စုံစမ်းသလောက်တော့ဖားကန့်မှာကျောင်းအပ်တဲ့သူလုံး၀မရှိဘူး၊နောက်ရက်တွေတော့မသိဘူးပေါ့ဒါပေမယ့်အခုချိန်တော့မရှိဘူး၊ကျောင်းမအပ်ရင်ဘာလုပ်မယ်၊ဆရာမတွေကိုဖိအားပေးတာမျိူးတော့မရှိသေးဘူး"ဟုယင်းဒေသတွင် ရပ်ရွာအကျိူးလှုပ်ရှားသည့် ဒေသခံတစ်ဦးကမဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့်မေလ ၈ ရက်နေ့တွင်လည်း ဖားကန့်မြို့ရှိရပ်ရွာအသီးသီးမှကျောင်းသား၊ကျောင်းသူအများစုမှာအဖြူအစိမ်းကျောင်းယူနီဖောင်း၀တ်ဆင်ကာစစ်ပိတ်စစ်ကြောင်းဖြင့်ဆန္ဒဖော်ထုတ်ခဲ့သည်ဟုသိရသည်။

"စစ်ကောင်စီလက်အောက်ဖွင့်တဲ့ကျောင်းတော့မပို့ဘူး၊သူတို့ဆင်းမှပဲကျွန်မတို့ကလေးတွေကိုကျောင်းထားမယ်" ဟုကျောင်းသားမိဘတစ်ဦးကပြောသည်။

ဖားကန့်မြို့တွင် ဘုန်းတော်ကြီးစာသင်ကျောင်းအပါအ၀င် အခြေခံပညာကျောင်းပေါင်း ၁၈၈ ကျောင်းကျော်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ထုတ်ပြန်အချက်အရ ဖားကန့် ရှိ မြို့နယ်ပညာရေးမှူးရုံးမှ CDM ပြုလုပ်ထားသော အမှုထမ်း (၁၂)ဦး သည် ရာထူးမှ ထုတ်ပယ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly