ပုသိမ် လျှပ်စစ်ရုံးဝန်းအတွင်း ပေါက်ကွဲမှု ဝန်ထမ်းတစ်ဦးဒဏ်ရာရ

ပုသိမ် လျှပ်စစ်ရုံးဝန်းအတွင်း ပေါက်ကွဲမှု ဝန်ထမ်းတစ်ဦးဒဏ်ရာရ

မေ ၂၅

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း မေလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးပြီး ဝန်ထမ်းတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုင်းလျှပ်စစ်အင်ဂျင်ရုံးဝန်းအတွင်းရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ငွေစာရင်းဌာန ကွန်ပျူတာစာရင်းခန်းအတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်ပြီး မီတာစာရေးတစ်ဦးဖြစ်သူ ကိုဇော်လင်းထက် အသက် (၁၉)နှစ်မှာ ထိခိုက်ဒဏ်ရာများရခဲ့ပြီး ကွန်ပျူတာနှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

“မီတာခလာဆောင်နေတဲ့သူတွေ အများကြီးပဲ ရှိနေချိန်မှာ ဖြစ်တာပါ၊ ရုံးကိစ္စကတော့ ပိတ်ရက်မို့ ဝန်ထမ်းသိပ်မရှိဘူး၊ ဌာနသုံးခုလောက်ပဲ ဖွင့်ထားတာ၊ ကောင်လေးက နေ့စားကောင်လေး အသစ်ဝင်တာ မကြာသေးဘူး၊ စစ်ဆေးရေးတွေကတော့ တစ်ရုံးလုံးကို စစ်နေတယ် ဝန်ထမ်းတွေရဲ့ အိမ်တွေကိုလဲ သေချာ စာရင်းကောက်နေတယ်”လို့ ပုသိမ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပုသိမ်မြို့မှာ ယခုအကြိမ်ပေါက်ကွဲမှုဟာ ၄ကြိမ်မြောက်ပေါက်ကွဲမှုဖြစ်ပြီး မေလ ၂၂ရက်နေ့က တစ်ရက်ထဲ ၃ကြိမ်တိုင်တိုင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့သေးကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly