တရားမဝင်စီးပွားရေး၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ မြန်မာနိုင်ငံတွင်းတိုးပွားလာ

တရားမဝင်စီးပွားရေး၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ မြန်မာနိုင်ငံတွင်းတိုးပွားလာ
Photo - AFP

မေ ၂၅

အာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ တတိုင်းပြည်လုံးကို ထိန်းချုပ်ရန်ကြိုးပန်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုအတိုင်းအတာက လူတွေကိုအံ့အား သင့်စေခဲ့သည်။ သို့သော် မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချစ်ဟော်ဆေး (Richard Horsey) ကမူ အာဏာ သိမ်းမှုကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သည့်ဒုစရိုက်ဂိုဏ်းများနှင့် တရားမဝင်ဒုစရိုက်ဂိုဏ်းသား များကိုအကြီးအကျယ်အကျိုးဖြစ်ထွန်းစေခဲ့သည်ဟုဆိုသည်။ 

နိုင်ငံတကာအကြပ်အတည်းလေ့လာရေးအဖွဲ့ (ICG) ၏မြန်မာနိုင်ငံဆိုင်ရာအတိုင်ပင်ခံ ရစ်ချစ်ဟော်ဆေး က “အာဏာသိမ်းလို့ဘာတွေဖြစ်လဲ။  အာဏာသိမ်းတဲ့ထဲပါတဲ့လူအကုန်လုံးနီးပါးကတော့ အရှုံးသမား တွေဖြစ်သွားကြတာဘဲ။ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်တဲ့ရာဇဝတ်ဂိုဏ်းတွေ၊ အဲဒီထဲပါတဲ့ ဂိုဏ်းဝင် တွေ နဲ့ သူတို့စီးပွားရေးတွေဘဲ အကျိုးဖြစ်သွားကြတာ” ဟု ပြောသည်။

မြန်မာစစ်အာဏာသိမ်းမှုရလဒ်များ - တရားမဝင်စီးပွားရေးများ၊ လူကုန်ကူးမှုများ၊ နိုင်ငံဖြတ်ကျော်မှု ခင်းများ ဆိုသည့်ခေါင်းစဉ်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များကလပ် ((FCCT)) တွင် မကြာမီ ကကျင်းပခဲ့သော အွန်လိုင်းဆွေးနွေးပွဲ တွင်သူကထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးကို အကျိုးဆောင် အဖြစ် FCCT ဥက္ကဋ္ဌ ဟောင်း ဂွင်ရော်ဘင်ဆင် (Robinson) ကဆောင်ရွက်ခဲ့ပြီး ပါဝင် ဆွေးနွေးသူများထဲတွင် လူကုန်ကူးမှုဆိုင်ရာလွတ်လပ်သောအကြံပေး မာရီကာမက်အဒမ် (Marika McAdam) နှင့်ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇတ်ဝတ်မှုရုံး ((UNODC)) ၏ဒေသဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီဒေါက်ဂလပ်စ် (Jeremy Douglas) တို့လည်းပါဝင်သည်။ 

ပုံမှန်စီးပွားရေး၊ ပုံမှန်မဟုတ်သောစီးပွားရေးနှင့် တရားမဝင်စီးပွားရေးတို့၏ဒိုင်းနမစ်

မြန်မာ့စီးပွားရေး၏ဖွဲ့စည်းတည်ဆောက်ပုံသည် ဖေဖော်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းမှုအပြီး လုံးဝ ပြောင်းလဲသွားခဲ့ပြီး မြန်မာနိုင်ငံ၏ ပုံမှန်၊ ပုံမှန်မဟုတ်သော၊ တရားမဝင်စီးပွားရေးတို့အကြား အခြေခံ အားဖြင့်ပြောင်းလဲသွားစေခဲ့ပြီး ဒေသတွင်းပါအလားတူခြေခံအားဖြင့်ပြောင်းလဲသွားစေခဲ့သည်ဟု ဟော်ဆေး ကပြောသည်။ 

စစ်တပ်ဦးဆောင်သည့်အာဏာသိမ်းမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပြောင်းပြန်လှန်ပစ်လိုက်ပြီး အမျိုးသားစီးပွားရေးကို ပြိုလဲလုနီးနီးအခြေသို့ဆိုက်ရောက်သွားစေခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များလည်းအယုံအကြည်မဲ့သွားသည်။ ငွေပေးချေမှုများလည်းရပ်တန့်သွားကာ ရင်းနှီးမြှုပ်နှံမှုများကို ပြန် လည်ထုတ်ယူသွားပြီး အနာဂတ်တွင်ရောက်လာနိုင်မည့် သဘောတူစာချုပ်များလည်းပျောက်ကွယ်သွား တော့သည်။ လက်ရှိဖြစ်ပေါ်နေသည့် တိုင်းရင်းသားနိုင်ငံရေးလက်နက်ကိုင်ပဋိပက္ခမှာလည်း အသစ်တ ဖန်ပြန်ပေါက်ကွဲလာကာ တိုင်းပြည်တွင်းမလုံခြုံမှုမှာ ပိုမိုကျယ်ပြန့်လာသည်။ 

နိုင်ငံ၏ပုံမှန်စီးပွားရေးမှာ အနည်းဆုံး ၁၀% ကျုံ့ဝင်သွားလိမ့်မည်ဟု ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့်ပစိဖိတ် စီးပွားရေးနောက်ဆုံးအခြေအနေ က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ပုံမှန်စီးပွားရေးကိုအထောက်အ ကူပြုနေပြီးစည်ပင်နေကာ ပြည်သူအများစုဝင်ငွေရရေးအတွက်မှီခိုအားထားနေရသည့် ပုံမှန်မဟုတ် သောစီးပွားရေးမှာလည်းပျက်စီးပြိုလဲနေပြီဟုဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တွမ်အင်ဒရူး (Tom Andrews) ကလူပေါင်းနှစ်သိန်းခွဲမိမိနေရပ်စွန့်ခွာခဲ့ရပြီဟုပြောသည်။ ကုလဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကလည်း မြန်မာနိုင်ငံလူဦးရေ၏ ၄၈.၂% မှာ နောက်နှစ်တွင် ဆင်းရဲမွဲတေမှုမျဉ်းအောက်ကျ ရောက်သွားမည်ဟုဆိုသည်။ ထိုမျဉ်းမှာမသေရုံစားရသည့်အဆင့်ကိုဆိုလိုခြင်းဖြစ်သည်။ 

တိုင်းပြည်တဝှမ်းရှိ ပုံမှန် လူမှုရေး၊ နိုင်ငံရေး နှင့် စီးပွားရေးဆောင်ရွက်ချက်များကိုထိန်းကျောင်းလျက်ရှိ သည့် တရားဥပဒေစိုးမိုးရေးရဲလုပ်ငန်းများနှင့် ပုံမှန်ဆောင်ရွက်မြဲလုပ်ငန်းများမှာ အာဏာသိမ်းမှု ကြောင့်ကမောက်မကဖြစ်သွားခဲ့ရပြီး မသေချာမရေရာမှု၊ မလုံခြုံမှုတို့သာ မြန်မာ့စီးပွားရေးကိုပုံဖော် လျက်ရှိသည်ဟု ဟော်ဆေးကရှင်းပြသည်။ 

ဤနည်းဖြင့် မြန်မာ့စီးပွားရေးတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများစည်ပင်လာရန် အခြေအနေများ ကိုစစ်အာဏာသိမ်းမှုကဖန်တီးပေးလိုက်သည်။ 

“ကမ္ဘာ့ဘဏ်နဲ့ ကုလဖွံ့ဖြိုးရေးအစီအစဉ် တို့က ပြောနေတဲ့ စီးပွားရေးတဟုန်ထိုးကျဆင်းခြင်းက တရား မဝင်စီးပွားရေးကိုတရှိန်ထိုးတက်လာစေတော့မှာဖြစ်ပြီး နောက်တဆင့်ခုန်တက်ဘို့အကြီးအကျယ်အ လားအလာရှိနေတယ်” ဟု ဒေါက်ဂလပ် ကပြောသည်။ 

ယင်းအချက်မှာအလွန်အန္တရာယ်ရှိသည်။ ဘာလို့လဲဆို တရားမဝင်စီးပွားရေးဟာ  တခုလုံးစီးပွားရေးရဲ့ ပါဝင်မှုမှာ အချိုးအစားမြင့်လာပြီဆိုရင် အာဏာချိန်ခွင်လျှာကလဲ ပုံမှန်ကနေ တရားမဝင်စီးပွားရေးကို ရွေ့သွားမှာဖြစ်လို့ဘဲဟု ဟော်ဆေးကပြောသည်။ 

“ကဏ္ဍတခုကစီးပွားရေးမှာလွှမ်းမိုးသွားရင် အဲဒါကစီးပွားရေးအပေါ်ဩဇာသက်ရောက်မှုရှိတော့မှာဘဲ။ ဒါကပိုက်ဆံရှာတဲ့နေရာဖြစ်သွားပြီ။ အာဏာကကလဲအဲဒီနေရာမှာဘဲစုပုံသွားမှာဘဲ။ ပြီးတော့အာဏာ ရှိ တဲ့နေရာမှာ နိုင်ငံရေးကလဲဩဇာသက်ရောက်မှုခံရတော့မယ်။ ဒီတော့ မြန်မာ့စီးပွားရေးမှာ တရားမဝင် စီးပွားရေးက အများပြားနေရာယူလာပြီဆိုရင် တရားမဝင်စီးပွားရေးလုပ်နေသူတွေက စီးပွားရေးနယ် ပယ်မှာတင်မဟုတ်၊ နိုင်ငံရေးနယ်ပယ်မှာလဲ ပိုပြီးဩဇာအာဏာရှိလာတော့မယ်။ ပဋိပက္ခနဲ့တခြားနေရာ တွေမှာလဲဒီလိုဘဲဖြစ်မယ်။”

လူများရွှေ့ပြောင်းအခြေချခြင်းနှင့်လူကုန်ကူးမှု

လူကုန်ကူးမှုကိုတုံ့ပြန်ရတာတွေက မူးယစ်ဆေးဝါးနဲ့တခြားရာဇဝတ်မှုတွေနဲ့မတူဘူး၊ သူက သိပ်အကဲ ဆတ်ပြီး မတူကွဲပြားခြားနားတဲ့ချဉ်းကပ်မှုတွေနဲ့လုပ်ရသည်။ 

မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း အထူးသဖြင့်လူကုန်ကူးမှုအပေါ်တိုးတက်မှုအောင်မြင်မှု အချို့ရအောင်လုပ်ဆောင်နိုင်ခဲ့သည် သို့သော် ထိုအရာများသည်လည်း ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်ဟု မက် အဒမ်ကညည်းတွားသည်။ 

“ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဘို့ ကျနော်တို့ ဗဟိုဌာနတခုရှိခဲ့တယ်။ ခိုင်မာတဲ့တရားဥပဒေတွေနဲ့ နှစ် ဘက်အပြန်အလှန်သဘောတူညီချက်တွေလဲရှိထားတယ်။ ဒီနည်းနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်တဲ့ သမရိုးကျလမ်းကြောင်းတွေကိုပိတ်ထားနိုင်ပြီး အလုပ်ဈေးကွက်ရှိရာဆီဘဲ လူတွေရွှေ့ပြောင်းသွားလာ တာဖြစ်စေခဲ့တယ်။ ခုတော့အဲဒါတွေဘာတွေဖြစ်ကုန်ပြီလဲ။” ဟု သူကပြောသည်။ 

လတ်တလောအခြေအနေများတွင် ယခင်ကတဲကရှိနေပြီးဖြစ်သည့်မြင့်မားသောနှုန်းထက် ယခုအခါ မြန် မာပြည်တွင်းမှရွှေ့ပြောင်းထွက်ခွာနေကြသည်။ နယ်စပ်များတွင် တင်းကြပ်မှုများရှိလာသည့်အခါ နယ် စပ်ဖြတ်ကျော်နိုင်ရေးအတွက်  အဆိုပါ ရာဇဝတ်ဂိုဏ်းသားများက လူများ၏အားနည်းချက်နှင့်ပျော့ ကွက်ကိုအခွင့်ကောင်းယူကာအမြတ်ထုတ်ကြသည်။ ထိုလမ်းကြောင်းများကိုမဖြစ်မနေသုံးလာရသည့် အတွက် ထိုလုပ်သားများသည် ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းခံကြရပြီး တရားမဝင်ရွှေ့ပြောင်းဝင်ရောက် သူများအဖြစ်တံဆိပ်ကပ်ခံရတာ စစ်အစိုးရထံပြန်ပို့ခြင်းခံကြရသည်။ 

ကလေးများရောလူကြီးများပါ အတင်းအဓမ္မလက်ထပ်ပေးခြင်းအပါအဝင် ပုံစံအမျိုးမျိုးဖြင့်လူကုန်ကူး ခြင်းခံကြရသည်။ အချို့မှာ သတ္တုတွင်းများတွင်၎င်း၊ ငါးဖမ်းလုပ်ငန်းများတွင်၎င်း၊ စိုက်ပျိုးရေးနှင့် အခြားယင်းနှင့်ဆက်နွယ်သောလုပ်ငန်းများတွင်၎င်းရောင်းချခံကြရသည်။ အချို့မှာ စစ်ရေးပဋိပက္ခ များတွင် အထမ်းသမားများအဖြစ်၎င်း၊ လူသားဒိုင်းများအဖြစ်၎င်း အတင်းအကြပ်ခိုင်းစေခံကြရပြီး အချို့ မှာ ရာဇဝတ်မှုများကျူးလွန်ရာတွင် ဒရိုင်ဘာများအဖြစ်၎င်း ပစ္စည်းသယ်ဆောင်သူများအဖြစ်၎င်း အသုံး တော်ခံကြရသည်။ 

အာဏာသိမ်းအပြီး အချက်အလက်စုဆောင်းကောက်ယူမှုလုပ်ငန်းများပျက်စီးသွားသည့်အတွက်  လူကုန်ကူးမှုနှင့် လူမှောင်ခိုထုတ်ခြင်းလုပ်ငန်းများအပေါ် ခန့်မှန်းတွက်ဆခြင်းကိုသာ မက်အဒမ် လုပ် နိုင်သည်။ သို့သော် အဆိုပါရာဇဝတ်မှုများကိုဆန့်ကျင်တိုက်ဖျက်ရန် ဆောင်ရွက်နိုင်စွမ်းနှင့် နိုင်ငံရေး စိတ်ဆန္ဒ ‘အလွန်အမင်းနည်းသွားခြင်း’ ဆိုသည့်ကိစ္စနှစ်ရပ်ကိုမူသူသေချာပေါက်ပြောနိုင်ကြောင်း သူက ပြောသည်။ 

လက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူ့စစ်များ

ပဋိပက္ခများအရှိန်မြင့်လာခြင်းနှင့် အပစ်ရပ်စာချုပ်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးသွား ခြင်းနှင့်အတူ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ (EAOs) များ၏အနာဂတ်မှာပို၍ပင်မသေချာမရေရာ ဖြစ်လာခဲ့သည်။ မကြာမီရောက်လာတော့မည့် ပဋိပက္ခများအတွက်ပြင်ဆင်ဘို့ငွေပိုလိုလာပြီး ထိုပဋိပက္ခ များမှာ ငွေကုန်ကြေးကျများလိမ့်မည်ဟု ဟော်ဆေးကမှတ်ချက်ချသည်။ 

အချို့သူများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးကသောင်းကနင်းဖြစ်မှုများက စစ်အစိုးရနှင့် ဆက်ဆံရာတွင် သူတို့အတွက် အခွင့်အလမ်းပေးသလိုဖြစ်ပြီး သူတို့အတွက် အာဏာလဲပိုရှိလာမည် ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် ထိုသို့တရားမဝင်စီးပွားရေးများကြီးထွားစည်ပင် လာခြင်းမရှိစေရန် ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ရာတွင် စစ်တပ်က လည်းပါဝင်ခဲ့သည်။ ထိုသို့လုပ်ခဲ့ ခြင်းမှာ ထိုတရားမဝင်စီးပွားရေးများစည်ပင်လာခြင်းကိုတားဆီးရန်မဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့များ ထိုစီးပွားရေးလုပ်ငန်းများမှဝင်ငွေဖြင့်အင်အားတောင့်တင်းလာပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများထူထောင်လာနိုင်ကြမည်ကိုစိုးရိမ်ပူပန်၍ဖြစ်သည်။ 

EAOs များမှာမူ ကျောက်စိမ်းများပိုမိုတူးဖော်ခြင်း၊ သစ်ပင်များပိုမိုခုတ်လှဲခြင်း၊ ဘိန်းများပိုစိုက်ခြင်း တို့ကို လုပ်ခြင်းဖြင့် သူတို့၏တရားမဝင်စီးပွားရေးလုပ်ငန်းများကိုအရှိန်မြှင့်တင်ခဲ့ကြသည်။ နယ်စပ် ရှိ အဖွဲ့များကမူ အခွန်ကောက်ခြင်းနှင့် ယင်းပစ္စည်းတို့ကိုရောင်းဝယ်ခြင်းတို့လုပ်ကြသည်။ အချို့အဖွဲ့များ အတွက်မူ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့်ကူးသန်းရောင်းဝယ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်လုပ်ငန်း နှင့် လောင်းကစားလုပ်ငန်းတို့မှာသူတို့အတွက်အစဉ်အလာ ဝင်ငွေရရာလမ်းကြောင်းများဖြစ်သည်။

မြို့ကြီးများနှင့်မြို့ငယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးသွားပြီး အထူးသဖြင့်ဆင်းရဲသော ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများမှအလုပ်အကိုင်များလည်းဆုံးရှုံးသွားခဲ့ရပြီဆိုပါက တရားဝင် စီးပွားရေးလုပ်ငန်းများမှာသေးကျုံ့သွားတော့မည်ဖြစ်ပြီး လူအချို့မှာ ဘိန်းစိုက်ဒေသများသို့ပြန်ရောက် သွားမည်ဖြစ်ကာထိုနည်းဖြင့်ဝင်ငွေရှာရတော့မည်ဖြစ်သည်။ 

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုဂိုဏ်းဖွဲ့ကျူးလွန်ခြင်း (TOC)

မြန်မာနိုင်ငံ၏တရားမဝင်စီးပွားရေးကိုကာလကြာရှည်စွာပင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျူးလွန် သည့်လူဆိုးဂိုဏ်းများကကြီးစိုးထားခဲ့ကြပြီး လွန်ခဲ့သောနှစ်အနည်းငယ်ကမူ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့်ကူးသန်းရောင်းဝယ်ခြင်းတို့ကအဓိကဖြစ်နေခဲ့သည်။ 

မြို့ငယ်များနှင့်မြို့ကြီးများတွင်အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးခြင်း၊ အထူးသဖြင့် ဆင်းရဲသော ဒေသများတွင် လယ်ယာစိုက်ပျိုးရေးအလုပ်အကိုင်များဆုံးရှုံးခြင်း၊ တရားဝင်စီးပွားရေးသေးကျုံ့သွား ခြင်းတို့ကြောင့် လူအချို့မှာ ဝင်ငွေရရေးအတွက် ဘိန်းစိုက်ပျိုးရေးဘက်သို့ပြန်ရောက်သွားလိမ့်မည်ဟု ဒေါက်ဂလပ်စ် ကမျှော်လင့်ထားသည်။ 

ဘိန်းစိုက်ပျိုးရန် အနည်းဆုံးအချိန် ၁၂ လခန့်လိုသည့်အတွက် ဘိန်းစီးပွားရေးကျယ်ပြန့်လာမှုမှာ နှေး ကွေးနေဦးမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။ ဘိန်းထုတ်လုပ်ခြင်းနှင့်ဘိန်းကုန်ကူး ခြင်းကွန်ရက်ကြီးပြန်လည်အသက်သွင်းပြီးပြီဆိုပါက ဘိန်းရိတ်သိမ်းချိန်အပြီး ဘိန်းဖြူစီးပွားရေးလည်း နောက်ကလိုက်ပါလာမည်ဖြစ်သည်။ ဤဆင့်တွင် ငွေကြေးသည် ဘိန်းကုန်ကူးမှုကိုထိန်းချုပ်ထားသည့် အုပ်စုများထံသို့ရောက်သွားမည်ဖြစ်သည်။ အချိန် ၁၂ လ မှ ၁၈ လအတွင်း ဘိန်းဖြူအမြောက်အမြား ဒေ သတွင်းနှင့်ကမ္ဘာ့ဈေးကွက်သို့ရောက်လာမည်ဖြစ်သည်။ 

မက်သာမက်ဖက်တမင်း

နယ်စပ်ဖြတ်ကျော်မှုခင်းများဂိုဏ်းဖွဲ့ကျူးလွန်ခြင်း (TOC) တွင် မက်သာမက်ဖက်တမင်းထုတ်လုပ်ရေး သည်အဓိကဇာတ်လိုက်ဖြစ်နေသည်ဟု ဒေါက်ဂလပ်စ်က ဇောင်းပေးပြောကြားသည်။ ယင်းသည် ဘိန်း ကဲ့သို့မဟုတ်ဘဲ လူအနည်းငယ်သာပါဝင်ထုတ်လုပ်ရခြင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်လုပ်မှုကိုတိုးမြှင့်နိုင်စွမ်းရှိသည်ဟု ဒေါက်ဂလပ်စ် ကပြောသည်။ 

နယ်စပ်များပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးကွန်ရက်များပြတ်တောက်နေသည့်တိုင် မြန်မာနိုင်ငံမှ ဓါတုမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု အထူးသဖြင့် မက်သာမက်ဖက်တမင်းထုတ်လုပ်‌ရောင်းဝယ်  မှုသည်အလွန်ခံနိုင်ရည်ရှိပြီးနှိမ်နင်းရခက်သည်ကို လွန်ခဲ့သောနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ယင်းတို့ ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအများအပြားစံချိန်တင်ဖမ်းမိခဲ့ခြင်းကသက်သေပြနေသည်။ 

ဤအခြေခံမှကြည့်လျှင် မြန်မာ့စီးပွားရေးမှာ ဇောက်ထိုးဆင်းနေပြီး အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ မှာမူ ကိုဗစ် ၁၉ ကပ်ရောဂါကိုထိန်းချုပ်လာနိုင်ခြင်းနှင့်အတူ ပြန်လည်စတင်ခုန်တက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှအုပ်စုများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်များဂိုဏ်းများကပူးပေါင်းရန်အသင့်ဖြစ်နေ ကြပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါးလိုအပ်ချက်လည်းမြင့်မားလာလိမ့်မည်ဟု ခန့်မှန်းရသည်။ 

နယ်စပ်ဖြတ်ကျော်ရာဇဝတ်များဂိုဏ်းများအတွက် ဤလုပ်ငန်းမှ ဒေါ်လာဘီလီယံဆယ်ချီရှာဖွေပေးနိုင် မည်ဖြစ်ပြီး ထိုအထဲမှအနည်းစုသာ မြန်မာနိုင်ငံသို့ပြန်ရောက်သွားမည်ဖြစ်သည်။ မက်သာမက်ဖက်တ မင်းဆေးများကို ကမ္ဘာတဝှမ်းဖြန့်ချီကြမည်ဖြစ်ပြီး ထိုင်းတွင်ဈေးကွက်ဝေစု ၁၀၀% အထိရမည်ဖြစ်ကာ ဒေသတွင်းနှင့်တရုတ်ပြည်တွင် ၈၀-၉၀% အထိရရှိမည်ဖြစ်သည်။ ဩစတြေလျ၊ ဂျပန်နှင့် ထိုင်ဝမ်ဈေး ကွက်များတွင်မူ အဆိုပါမူးယစ်ဆေးဝါးထောက်ပံ့မှုကိုစိုးမိုးထားမည်ဖြစ်သည်။ 

ဒေါက်ဂလပ်စ် ကမူ ‘ဒေသတွင်းထူးခြားသည့်သက်ရောက်မှု’ ရှိလာမည်ဖြစ်သည်ဟု ကောက်ချက်ချ နိဂုံး ချုပ်ထားသည်။ 

လက်နက်များ

EAOs များနှင့်ပြည်သူ့စစ်အဖွဲ့များသာမက ယခုအခါ ခုခံဆန့်ကျင်ရေးအဖွဲ့သစ် ခန့်မှန်း ၄၀ ခန့်ကလည်း သူတို့ကိုယ်သူတို့လက်နက်တပ်ဆင်ရန် လက်နက်များရှာဖွေနေကြသည်ဟု ရော်ဘင်ဆင် ကမှတ်ချက်ပြု သည်။ 

ဒေသတွင်းတွင်လက်နက်မှောင်ခိုဈေးကွက်မှာ ကာလကြာရှည်စွာတည်ရှိနေခဲ့ပြီး တရားမဝင်လက်နက် မှောင်ခိုသယ်ယူသည့်လမ်းကြောင်းတခုမှာ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အိန္ဒိယနိုင်ငံအရှေ့မြောက် ပြည်နယ်များရှိသောင်းကျန်းသူများထံသို့ရောက်ရှိသွားသည်ဟု ဟော်ဆေး ကရှင်းပြသည်။ 

အစဉ်အလာအားဖြင့် အဆိုပါ ဈေးကွက်များနှင့်လမ်းကြောင်းများမှာ ကာလရှည်ကြာကတဲကအဆက် အသွယ်ကောင်းသည့်အုပ်စုအချို့ထံတွင်သာရှိသည်။ မည်သို့ပင်ဖြစ်စေ ယင်းအချက်သည် ငွေကြေးနှင့် သံန္နိဌာန်တို့ကြောင့်ပြောင်းလဲသွားနိုင်သည်ဟု ဟော်ဆေးက မှတ်ချက်ပြုသည်။ အဆိုပါ အဆက်အ သွယ်များအကြားမကြာသေးခင်ကဖြစ်ပွားခဲ့သောလက်နက်ကိုင်တိုက်ပွဲများက ထိုအချက်ကိုသက်သေ ပြနေသည်ဟု သူကဆိုသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်းအတွင်းပိုင်းကျကျနေရာတွင်လှုပ်ရှားနေသော မူးယစ်ဆေးဝါးကုန်ကူးသည့် ဂိုဏ်း တခုကပြုလုပ်ခဲ့သည့် လက်နက်မှောင်ခိုမှုကို ဧပြီလအတွင်း တာချီလိတ်တွင် လက်နက် အများအပြား  ဖမ်းမိခဲ့ပြီး ယင်းအချက်က လက်နက်မှောင်ခိုကူးသန်းမှုအသစ်တဖန်ပြန်လည်ဖြစ်ပွားလာနေသည် ကို ညွှန်ပြနေသည် ဟု အစည်းအဝေးတွင် ဦးဆောင်ဆွေးနွေးခဲ့သူများကပြောသည်။ 

ဒီနေရာကနေဘယ်ကိုသွားမလဲ

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဂိုဏ်းဖွဲ့ကျူးလွန်ခြင်းကို ဒေသတွင်းပူးပေါင်းနှိမ်နင်းရေးမှာမူ သိသိ သာသာပြောင်းလဲသွားမည်မဟုတ်ပါဟု ဒေါက်ဂလပ်စ် ကပြောသည်။ သို့သော်လုပ်နိုင်စရာအများအ ပြားရှိနေပြီး လုပ်လဲလုပ်ရမည်ဖြစ်သည်ဟု သူကပြောသည်။ 

ဒေသတွင်းနိုင်ငံများက အချက်အလက်မျှဝေမှုမလုပ်ကြသည့်အတွက် ယင်းအချက်သည် ရှေ့တွင် ‘အဓိက’ လုပ်ငန်းဖြစ်လာလိမ့်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံနှင့်ဒေသတွင်း တရားမဝင်စီးပွားရေးများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဂိုဏ်းဖွဲ့ ကျူး လွန်ခြင်းတို့ကိုထိန်းချုပ်ကိုင်တွယ်နိုင်ရေးအတွက်နည်းလမ်းများရှာဖွေရာတွင် လက်ရှိအခြေအနေများ က စောင့်ကြည့်အကဲခတ်သည့်အဖွဲ့အစည်းများအတွက် တွန်းအားဖြစ်စေသည်။ အကြောင်းရင်းဇစ်မြစ် နှင့် ပဋိပက္ခများကိုတွန်းဆော်ပေးနေသည့်အရာများကို ပြန်လည်အာရုံစိုက်လေ့လာလုပ်ကိုင်ရမည်ဖြစ် သည်။ 

လူကုန်ကူးခြင်းနှင့်လူမှောင်ခိုထုတ်ခြင်းတို့ကို ပိုမိုထိရောက်သည့်ချဉ်းကပ်မှုများပြုလုပ်နိုင်ရန် အခွင့် အလမ်းရှိသည်ဟု အဒမ် ကလည်းမြင်သည်။ အတင်းအကြပ်ရွှေ့ပြောင်းအခြေချခံရသူများကို ရာဇဝတ် မှုများအဖြစ်ရှုမြင်ခြင်းမပြုဘဲနယ်စပ်ဖြတ်ကျော်မှုခင်းများကိုသာ တိုက်ရိုက်တုံ့ပြန်ရန် မိမိတို့၏ကြိုးပန်း မှုများကို ပြန်လည်လှည့်ပြောင်းရမည်ဟု အဒမ်ကပြောသည်။ 

ဤပြဿနာများကိုအချိန်တိုအတွင်းဖြေရှင်းနိုင်မည်မဟုတ်ပါ။ ဤ ‘ပွဲရှည်’ ကြီးတွင် အဆင့်ပေါင်းများ စွာရှိသည်ဟု အဒမ်က နိဂုံးချုပ်ကောက်ချက်ချသည်။ ယခုဇတ်လမ်းမှာ ‘ငါတို့နဂိုလမ်းပေါ်ပြန်ရောက် အောင်ဘယ်လိုလုပ်မလဲ’ မဟုတ်ဘဲ ‘ပိုကောင်းတဲ့လမ်းပေါ်ရောက်အောင်ဘယ်လိုလုပ်မလဲ’ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly