ကေအိုင်အေ(KIA)တပ်နှင့်ပက်သတ်သည့်လက်ကိုင်ပိုစတာ၊အလံများမကိုင်ရန် စစ်ကောင်စီတပ်သားများတောင်းဆို

ကေအိုင်အေ(KIA)တပ်နှင့်ပက်သတ်သည့်လက်ကိုင်ပိုစတာ၊အလံများမကိုင်ရန် စစ်ကောင်စီတပ်သားများတောင်းဆို
ဓာတ်ပုံ- CJ (ယခင်ရက်များ၌ဆန္ဒဖော်ထုတ်ကြသောကချင်ပြည်နယ်၊ဖားကန့်မြို့မှဒေသခံများ)

မေ ၂၅

  ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ရွာအချို့တွင် ကေအိုင်အေ(KIA)တပ်နှင့်ပက်သတ်သည့်လက်ကိုင်ပိုစတာများ၊အလံများကိုင်ဆောင်ပြီးသပိတ်မပြုလုပ်ရန် အကြမ်းဖက်စစ်ကောင်စီတပ်သားများတောင်းဆိုသည်ဟု ယင်းဒေသခံတစ်ဦးကပြောသည်။

"ကေအိုင်အေ(KIA)ကို ထောက်ခံတဲ့(Support)တဲ့လက်ကိုင်ပိုစတာ၊အလံတွေမကိုင်ဖို့တောင်းဆိုတယ်၊သူတို့မှာ အပေါ်ကဖိအားလဲရှိနေတော့ သပိတ်ကိုရိုးရိုးလုပ်ရင်ပြဿနာမရှိဘူးပေါ့၊ဒါပေမယ့်မလိုက်နာရင်တော့အသားကုန်ဆော်တာ၊မနေ့ကလဲ ဖားကန့်မြို့၊တာမခန်မှာသေနတ်နဲ့ပစ်ဖောက်တာတွေလုပ်တယ်"ဟု၎င်းက မဇ္ဈိမကိုပြောသည်။

ဓာတ်ပုံ- CJ (ယခင်ရက်များ၌ဆန္ဒဖော်ထုတ်ကြသောကချင်ပြည်နယ်၊ဖားကန့်မြို့မှဒေသခံများ)

   ဖားကန့်မြို့တွင် လုံးခင်း၊ဆိပ်မူ၊တာမခန် စသည့်နေရာများမှပျောက်ကြားသပိတ်များနေ့စဉ်ပြုလုပ်လျက်ရှိပြီး သပိတ်စစ်ကြောင်းအများစုမှာ ကေအိုင်အေ(KIA)တပ်အလံများ၊ အန်အလ်ဒီ(NLD) အလံများ၊ NUG အစိုးရအားထောက်ခံသောဆိုင်းဘုတ်များကိုင်ဆောင်၍ဆန္ဒဖော်ထုတ်လျက်ရှိသည်။ယင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ တပ်မ (၃၃) တပ်ရင်းစွဲထားသည့်နေရာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly