ထား၀ယ်မြို့ နှင့် လောင်းလုံမြို့တို့တွင် ပေါက်ကွဲမှုဖြစ်ပွား 

ထား၀ယ်မြို့ နှင့် လောင်းလုံမြို့တို့တွင် ပေါက်ကွဲမှုဖြစ်ပွား 

မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့ တွင်မေလ ၂၄ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှု သုံးကြိမ် နှင့် လောင်းလုံး မြို့ မှာပေါက်ကွဲမှု သုံးကြိမ် ထပ်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရှိကသိရပါတယ်။ 

ထား၀ယ်မြို့ ရှိ မြောင်းပုလဲရပ်ကွက် ရှိ အ.ထ.က (၆)ကျောင်း နားတွင် ည ၇နာရီ၀န်းကျင်အချိန်ခန့်က ပေါက်ကွဲမှု နှစ်ကြိမ် နှင့် ဇရစ် ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် တစ်ကြိမ် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“ညဦးပိုင်းမှာပေါက်တာ၊ ထား၀ယ်မြို့ တမြို့လုံး ကြားရတယ် “ လို့ ဒေသခံတွေကဆိုပါတယ်။

ည ၁၀ နာရီ၀န်းကျင်အချိန်က လောင်းလုံး မြို့နယ်ပညာရေမှူးရုံး ၊ ကဘူရွာ နှင့် မင်းရပ်ရွာ တို့မှာ ပေါက်ကွဲမှု တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ပေါက်ကွဲမှုဖြစ်ပြီးသိပ်မကြာဘူး စစ်ကားတွေရောက်လာပြီး လမ်းမကြီးဘေးတဖက်စီရပ်ပြီး ဆိုင်ကယ်တွေ လူတွေကို စစ်ဆေးနေတာတော့ရှိတယ်။ အဖမ်းခံရတာတော့မရှိသေးပါဘူး “ ဟု ဒေသခံတွေက ဆိုပါတယ်။ 

ဆက်လက်ပြီး  လောင်းလုံးမြို့နယ်ရှိ ကမြောကင်းကျေးရွာ  အ.ထ.က (ကမြောကင်း)ကျောင်း မီးလောင်နေကြောင်း သိရပါတယ်။ 

ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် လူထိခိုက်မှုရှိမရှိကို မသိရှိရသေးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly