ဒီးမော့ဆိုမှ ငွေတောင်သို့အင်အားဖြည့်ရန်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မိုင်းခွဲခံရ

ဒီးမော့ဆိုမှ ငွေတောင်သို့အင်အားဖြည့်ရန်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မိုင်းခွဲခံရ

မေ ၂၄

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့မှ ငွေတောင်ဆည်လမ်းသို့ တပ်ကူအင်အားဖြည့်ရန် သွားသည့် အကြမ်းဖက်စစ်ကောင်စီခြေလျင်တပ်သားအချို့မိုင်းခွဲခံရခြင်းကြောင့်ထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှယနေ့ (မေလ ၂၄ ရက် )ညတွင်ထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင်အကြမ်းဖက်စစ်ကောင်စီခြေလျင်တပ်သားများမှာတင့်ကားတစ်စီးနှင့်အတူတပ်ကူအင်အားဖြည့်ရန်သွားသည့်လမ်းတွင် KPDF မှ ဖောက်ခွဲကာ ပျောက်ကြား တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် စစ်ကောင်စီတပ်သားများမှာ ငွေတောင်ဘက်သို့အလျင်အမြန်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုတွင် KPDFမှ ဖောက်ခွဲရေးတပ်သားများအထိအခိုက်အကျအရှုံး(လုံးဝ)မရှိကြောင်းသိရသည်။

ပြီးခဲ့သောရက်ကလည်း ငွေတောင်ဆည် အပေါ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတပ်ကူတစ်စီး မိနစ်အတော်ကြာပျံ၀ဲခဲ့ပြီး လက်နက်ကြီးအချက်ရေ ၂၀၀ နီးပါးပစ်ဖောက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required